နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်းမှ အစု လိုက်အပြုံလိုက်သတ်ဖြတ်မှုအား ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက ရှုတ်ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နမ်းနိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ဘေးရှောင်‌နေသည့် သံဃာတော်များအပါအဝင် အရပ်သားပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းအပေါ် ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ မတ်လ ၁၄ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ပအိုဝ်းလူမျိုး အများစုနေထိုင်သည့် နမ်းနိန်ကျေးရွာ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် လုပ်ရပ်သည် ပြည်သူတစ်ရပ်လုံး၏ လုံ ခြုံရေးကို ခြိမ်းခြောက်နေပြီး အကြမ်းဖက်စစ်တပ်(စစ်ကောင်စီတပ်)မှ ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအား တာဝန်ခံရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အပစ်မဲ့၊ လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်တယ်။ လူမျိုးတစ်မျိုးကြားထဲမှာ အာဏာရှိတဲ့သူတွေက ဒီလိုမျိုးလုပ်ဆောင်တယ်ဆိုတာက တာဝန်ခံရမယ်။ တရားမျှတမှုကို ပြန်ရှာရမယ်။ ဒီကိစ္စက လူမျိုးတုံးသတ်ဖြတ်မှုအကျုံးဝင်သလို စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်” ဟု ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီသည် တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြား လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ လက်အောက်ခံဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ၏ လူမှုကွန်ရက်စာမျက်နှာမှ ပဋိပက္ခများဖြစ်စေသည့် အရေးအသားများသည် စစ်တပ်(စစ်ကောင်စီတပ်)မှ ကျူး လွန် နေသည့် လုပ်ရပ်များကို အားပေးအားမြှောက်သည့် လုပ်ရပ်များဖြစ်နေကြောင်း ဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် လူမျိုးရေးပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်လျက်ရှိကြောင်း ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“PNO နဲ့ KNDF ကြားမှာ တစ်ခုရှိမယ်။ PNO နဲ့ PDF တွေကြားမှာ တစ်ခုရှိမယ်။ အဲ့ဒီနှစ်ခုကြားမှာ အဓိက ပဋိပက္ခတွေဖြစ်မယ်ပေါ့” ဟု ၎င်းက‌ ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် အဆိုပါ နမ်းနိန်ကျေးရွာဘုန်းကြီးကျောင်းမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် KNDF/PDF များက ပြုလုပ်ခြင်းဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသားများက ပြောဆိုထားသည့် ဗီဒီယိုဖိုင်များဖြင့် ဖြန့်ဝေနေကြသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မေးမြန်းရာတွင် “ဒါတွေက ထွင်လို့ရပါတယ်ဗျ။ နယ်မြေမှာ အာဏာရှိတဲ့သူတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက လူတွေကိုဖမ်းပြီးတော့ဖြစ်ဖြစ်လုပ်လို့ရတယ်။ လူတွေကလည်း အကြောက်တရားရှိနေပြီ” ဟု ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းက တာဝန်ရှိသူက ပြောသည်။

အဆိုပါအကြောင်းအရာများသည် အာဏာသိမ်းမှုကြောင့် အဓိက ဖြစ်ပေါ်လာရသည့် အခြေအနေဖြစ်ကြောင်း ၎င်းကပြောသည်။

ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့အစည်းသည် ပအိုဝ်းတိုင်းရင်းသား ပညာရှင်များ၊ လူငယ်နှင့် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရာ တန်းတူအခွင့်အရေးရရှိရန် ခေတ်အဆက်ဆက်တိုက်ပွဲဝင်လာကြသည့် PNO အပါအဝင် ပအိုဝ်းတော်လှန်ရေး အင်အားစုများအနေဖြင့် လက်ရှိဖြစ်နေသည့် အခြေအနေများအား သုံးသပ်ကာ ပြန်လည်ဆွေးနွေးကြရန်လိုကြောင်း ပအိုဝ်းတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ ရွေးချယ်စရာ နှစ်ခုပဲတွေ့တယ်။ ပေါင်းမလား။ တော်လှန်မလားပေါ့နော်။ ပေါင်းခဲ့တဲ့သူတွေလည်းရှိတယ်။ ပေါင်းခဲ့တဲ့သူတွေကလည်း အကျိုးယုတ်ခဲ့ပြီးပြီ။ အဲ့ဒီတော့ ကျနော်တို့ ပြန်ပြီးစဉ်းစားဖို့လိုတယ်။ PNO အနေနဲ့ ပြန်ပြီး သုံးသပ်ဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

ဖော်ဖော်ဝါရီလမှ စတင်ကာ ပင်လောင်းမြို့နယ်ရှိ နမ်းနိန်း၊ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ လွယ်ဟွေး၊ ပင်ပွံနှင့် ရွှေပြည်အေး စသည့် ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံ ပြည်သူ ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကာ အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s