ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီး ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသည့် အပြင် လေယာဉ်ဖြင့်ပါ ဗုံးကျဲခဲ့

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေ အိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသည့်အပြင် လေယာဉ်ဖြင့်ပါ ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း ၃ ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ထို့ပြင် စစ်လေယာဉ်များဖြင့်ပါ ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။

က ယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်၊ ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ် တပ်ကို KNDF၊ KA၊ PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊SSRYနှင့် မဟာမိတ် တပ်ပေါင်းစုများမှ အစွမ်းကုန် ခုခံတိုက်ခိုက်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန် ထိုးစစ် ဆင်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အကြမ်းဖက် စစ်တပ်က ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်ရှိ ပင်လောင်းမြို့နယ်၊ ရှားတောမြို့ နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့ကို စစ်မျက်နှာ ၄ ခုဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇ ဝတ်မှု များ ကျူးလွန်ခဲ့ကြောင်း KNDF က ဆိုသည်။

အကြမ်းဖက်စစ်တပ်က မတ်လ ၁၁ ရက်နေ့တွင် ပင်လောင်းမြို့နယ်မှ သံဃာနှင့် ပြည်သူများကိုလည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s