ပုလဲမြို့တွင် ပတ်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် ပတ်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၃ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် ပြောက်ကျားနည်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညို တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သခင်ဒေါင်း ညိုတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“ပုလဲမြို့ပေါ်မှာ ပတ်ကင်းအနေနဲ့ ခြေလျင်ထွက်လာတဲ့စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြာချိန် ၁၅ မိနစ်တော့ ရှိတယ်ဗျ။ စစ်သားနှစ်ဦးတော့ အပြင်း အထန် ဒဏ်ရာရသွားတယ်” ဟု ၎င်း ကဆိုသည်။
ထိုတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့ ၊ မုဆိုးလေးတပ်ဖွဲ့ နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပုလဲမြို့ပေါ်တွင် ညနေ ၆ နာရီ နောက်ဆုံးထား၍ အသွားအလာကန့်သတ်လိုက်ကြောင်း ရဲဘော်သခင်ဒေါင်းညိုထံမှ သိရသည်။mizzima