ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုး ပြည်သူ့နေအိမ်များကို ဖျက်ဆီးနေသည့် စစ်တပ်ကို လက်တုံ့ပြန်သည့် အနေဖြင့် ရေပြာလမ်းဆုံ တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးပြီး ပြည်သူများ၏နေအိမ်များကို ဖျက်ဆီးနေသည့် စစ်တပ်ကို လက် တုံ့ပြန်သည့် အနေဖြင့် ရေပြာလမ်းဆုံ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း Anonymous Special Task Force -Pauk မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် စစ်တပ်က ပေါက်မြို့နယ်၊ ရေပြာရွာ၊ လယ်ဘဲ့ရွာနှင့် စံဖဲရွာကို စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး အိုးအိမ်များ ဖျက်ဆီးနေသောကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် ရေပြာလမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို Anonymous Special Task Force -Pauk ရဲဘော်များက ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ရေပြာလမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်များက ပစ်ခတ်တိုက်ခိုက်စဉ် နှစ်ဖက် ထိတွေ့ကြာချိန် ၅ မိနစ်ခန့်ကြာမြင့်ပြီး ရဲတပ် သား အောင်လွင်ဦးမှာ နောက်ကျောထုတ်ချင်း ပေါက်ဒဏ်ရာရပြီး ထမ်းသွားရကြောင်း၊ Anonymous Special Task Force -Pauk ရဲဘော်များ ဘေးကင်းကြောင်း သိရှိရသည်။khit thit