ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု NUCC ၏ မြန်မာ့လူ့အခွင့် ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြ

အာဇာနည်သူရဲကောင်းများ၏ သစ္စာကိုစောင့်သိလျက် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်သည်အထိ တွဲလက်ညီညီဖြင့် တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကထုတ်ပြန်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခဲ့သည့် (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့သဝဏ်လွှာတွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့သည် စစ်အာဏာရှင်လက်အောက်တွင် တရားဥပဒေစိုးမိုးရန်အတွက် တောင်းဆိုရင်း အာဏာသိမ်းစစ်တပ် ၏ပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။ ထိုနေ့ကိုအစွဲပြုပြီး မြန်မာ့လူ့အခွင့်ရေးနေ့အဖြစ် သတ်မှတ် ထားပြီး နှစ်စဉ်အထိမ်းအမှတ်ပွဲများ ပြုလုပ်လေ့ရှိသည်။

ယခု (၃၅)နှစ်မြောက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအပါအဝင် ကျောင်းသားသမဂ္ဂ များက သဝဏ်လွှာများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က “ကိုဖုန်းမော်တို့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရ ခြင်းက မဆလတစ်ပါတီခေတ်ရဲ့ လူ့အခွင့်ရေးဆိတ်သုဉ်းမှုတွေ၊ စစ်အာဏာရှင်စနစ်ကြီးစိုးမှုတွေကို တကယ့်ကို ပြင်းပြင်းထန်ထန် မီးမောင်းထိုးပြတဲ့ ကိစ္စပါပဲ” ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်းအသက်ပေးသွားခဲ့ရသည့် (၃၅) နှစ်မြောက်နေ့တွင်လည်း မြန်မာ ပြည်သူများသည် စစ်အာဏာရှင်စနစ်အောက်တွင်ရောက်ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေကြသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီကိုခုခံတော်လှန်တိုက်ခိုက်နေသည့် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်အပါအဝင် စစ်အာဏာရှင်အဆက် ဆက်၏လက်ချက်ကြောင့်‌ ကျဆုံးခဲ့ရသည့် ခေတ်ခေတ်အဆက်ဆက်မှ အာ ဇာနည်သူရဲကောင်းများ၏ သစ္စာကိုစောင့်သိပြီး ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်နိုင်သည်အထိ တွဲလက်လက်ညီညီဖြင့် တော်လှန်တိုက် ပွဲဝင်သွားမည်ဟု အလေးအနက်ကတိသစ္စာပြုအပ်ကြောင်း (NUCC) ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s