ဖယ်ခုံမြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁၉ ဦး သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ၊ မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေးတပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ရာ စစ်သား ၁၉ ဦး သေဆုံးပြီး ၁ ဦးအရှင် ဖမ်းမိကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖယ်ခုံမြို့ အရှေ့ဖက်ကမ်း၌ အင်းအား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၉ ဦး သေဆုံးကာ ၁ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်ရာ စစ်သား ၈ ဦးသေဆုံးကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် မတ္တရာမြို့မှ Faw ကား ၅ စီးဖြင့် ထွက်လာပြီး ကျေးရွာများကို ဝင်ရောက် စီးနင်းနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မြွေဟင်္သာရွာနှင့် မြွေကြည်ကုန်းရွာအကြားတွင် တောကြီးမြွေပွေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s