ဖယ်ခုံ၊ ခင်ဦး၊ တန့်ဆည် ၊ KNU တပ်မဟာ ၅ နယ်မြေတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ၃၂ ဦးသေဆုံး

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နှင့်တန့်ဆည်မြို့နယ်၊ ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ၃၂ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။

ဖယ်ခုံမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၂ ဦး သေဆုံး

===========================================

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ခြမ်း ရွှေစမ်းကျေးရွာ တာဝါတိုင်ကုန်းသို့ ချီတက် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကရင်နီစစ်ဘက် ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁၂ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်အချိန် အဆိုပါ တာဝါတိုင်ကုန်းသို့ ရောက်ရှိလာ သော တပ်မ ၆၆ အကြမ်းဖက်စစ်သားများကို KNDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ ၁ နာရီ ကျော်တိုက်ပွဲဖြစ်ခဲ့ပြီး စစ် သား ၁၂ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်တပ်မှ ဂျက်တိုက်လေယာဉ် တိုက်ပွဲဖြစ်ရာ နေရာသို့ လာရောက် ပစ်ခတ်ခဲ့ကြောင်း

ရှမ်း-ကရင်နီနယ်စပ် လွိုင်ကော်မြို့နယ်၏ မြောက်ဖက်ခြမ်းနှင့် ရှမ်းပြည်နယ်တောင်းပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ခြမ်းဒေသအတွင်းသို့ ဖေဖော်ဝါရီလ ၂၆ ရက် နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် လှုပ်ရှားနေသည့်အပြင်မတ်လ ၁၂ ရက်နေ့အထိ ၂၂ ရက်အတွင်း Mi 35 Jet Fighter ဖြင့် ပျံသန်းရောက်ရှိမှု ၁၅ ကြိမ် တွင် ဗုံးကျဲ ပစ်ခတ်မှု ၄၅ ကြိမ်၊ Helicopter ဖြင့် ပျံသန်းမှု ၄ ကြိမ်တွင် ပစ်ခတ်မှု ၁၂ ကြိမ်၊ ဖယ်ခုံစကစ ၇ တပ် မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှု အကြိမ် ၅၀၀ အထက်ရှိကြောင်း KNDF – Pekhon Zone ထံမှ သိရ သည်။

ခင်ဦးမြို့အဝင်၌ မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

================================

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့အဝင်၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Guerilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ရေဦးမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်း ထိုး ပြီး မြစ်တော်ကျေးရွာတွင် ညအိပ်ကာ ခင်ဦးမြို့သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၁၀၀ ခန့် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကံသစ်ရွာနှင့် ခင်ဦးမြို့အကြားရှိ ပျားဂေဟာ အနောက်တွင် ရှေ့ ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခွေး ၃ ကောင်ကတော့ မိုင်းဆွဲတဲ့နေရာမှာ သေတာဗျ။ မိုင်းဆွဲတဲ့အချိန် ထိတဲ့သူတွေများတယ်၊ ဒီမနက် ပဲမြို့ပေါ်ကနေ သတင်းရတာက ၈ ကောင်သေတယ်၊မနေ့ကတည်းကစ ခွေးသေတွေ ဆေးရုံရောက် တယ်လို့ သိရတယ်၊ ဒီနေ့မနက်တော့ ခင်ဦးမြို့အရှေ့ဘက်ကို စစ်ကြေင်း ဆက်ထိုးနေတယ်” ဟု Royal Tiger Guerilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှု ကို Royal Tiger Guerilla Forceနှင့် ခင်ဦးမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန်ဖြစ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

=================================

ကရင်ပြည်နယ် ၊ KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်အတွင်းရှိ အကြမ်းဖက် စစ်တပ် စခန်းများကို KNLA တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ် ပြန်သည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ဘူးသိုမြို့နယ်၊ တာဘူကျိုးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ် စခန်းကို KNLA အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တော်လှန်ရေး ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဖာပွန် ဒေသအတွင်းရှိ ကူးဆိပ်နှင့် မြေနီကုန်း အကြားရှိ အကြမ်းဖက် စစ် တပ် စခန်းကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထပ်မံ သေ ဆုံးခဲ့ကာ ဆိုင်ကယ်တစ်စီးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဒွယ်လိုးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ မယ်သူထာစခန်းကို KNLA-အမှတ် ၅ တပ် မဟာ လက်အောက်ရှိ စစ်သည် တော်များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့တွင် နားကူနားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို နံနက် ၈ နာရီ ၂၄ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိ နစ် တွင် တစ်ကြိမ် KNLA-အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ် စခန်းများ တိုက်ခိုက် ခံရပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF-1014) မှ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကတဲတိကျေးရွာအုပ်စုအတွင်းရှိ ပိုဂါကျေးရွာကိုလည်း ထိမှန်ခဲ့ကာ အသက် ၁၆ နှစ်အရွယ် နော်ဘလယ်၏ ဘယ်ဖက်ခြေထောက်နှင့် အသက် ၃၉ နှစ်အရွယ် နော်တားဖေါတို့ ဘယ်ဖက်ခြေသလုံးတို့ အမြောက်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

တန့်ဆည်တွင် PDF များ သိမ်းထားသည့် ပျူစခန်းကို စစ်တပ်က ပြန်လည်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

==========================================

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ပျူစောထီးစခန်းကို ပြန်လည်ဝင်ရောက်ရန် ကြိုးစားသည့် စစ်ကောင်စီတပ် အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ၆ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများပြားကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

အင်အား၈၀ခန့်ပါသော ခမရ-၃၆၁စစ်ကောင်စီတပ်နှင့် ပျူစောထီးများက တန့်ဆည်မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ဆင်ငယ်ရွာသို့ ဦးတည်ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်မိုင်း၊ အဝေးထိန်းမိုင်း၊ ရှေ့ထွက်မိုင်းများ အကြိမ်ကြိမ်ခွဲ၍ ၈၁မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တန့်ဆည်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ဆင်ငယ်ရွာသို့ ဦး တည် ထွက်ခွာလာစဉ် ယနေ့နံနက် ၉နာရီတွင် တိုက်မိုင်းများမိသဖြင့် ဆင်ငယ်ရွာ ဘုန်းကြီးကျောင်းထဲသို့ ဝင်ရောက်၍ ဒဏ်ရာရ စစ်သားများကို ဆေးကုကြောင်း၊ ထို့နောက် ဘုန်းကြီးကျောင်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ကို ယနေ့နေ့လယ်၂နာရီခန့်တွင် အဝေးထိန်းမိုင်း၊ ရှေ့ထွက်မိုင်း၊ ၈၁ မမလက် နက်ကြီးတို့ဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ကြောင်း တိုက်ပွဲဝင် Taze Tiger တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“ဆင်ငယ်ရွာဘုန်းကြီးကျောင်းက ရွာရဲ့အရှေ့ဘက်မှာရှိတာ။ ဘုန်းကြီးကျောင်းကိုမဝင်ခင်မှာ ကျနော်တို့ထောင်တဲ့ တိုက်မိုင်းတွေမိတော့ ဒဏ် ရာရတဲ့ကောင်တွေကို ဘုန်းကြီးကျောင်းထဲ ဆေးဝင်ကုတယ်။ ဘုန်းကြီးကျောင်းကထွက်တော့ မိုင်းတွေခွဲတာ အတုံးအရုန်းလဲတာ တွေ့ရတယ်။ လက်နက်ကြီးတွေ‌နဲ့ရော ပစ်တာ။ ဒီကောင်တွေရှေ့မတိုးရဲဘူး” ဟု တိုက်ပွဲဝင်ရဲဘော်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း၂၆ Taze Tiger၊ Guerrilla Warfare K.P.K၊ TSR၊ PLAနှင့် တိုက်နယ် ပကဖ အဖွဲ့ဝင်များက ပူး ပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ဆင်ငယ်ရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး နောက် တွင် စစ်ကောင်စီတပ်က အကြိမ် ကြိမ် ပြန် လည်ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s