မင်းတုန်းမြို့နယ်တွင် စစ်တပ်တပ်စွဲထားရာနေရာ ၂ ခုကို တစ်ပြိုင်တည်း ဒရုန်း၊ လောင်ချာဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းနှစ်ခုကို ဒရုန်း၊ လောင်ချာတို့ဖြင့် တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်တပ်ရင်း ၄ Eagle Force ထံမှ သိရသည်။

ယနေ့မတ်လ ၁၄ ရက် နံနက် ၆ နာရီခန့်က မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းဘေးရှိ အကြမ်းဖက် စစ်တပ် ၅ မိုင် စစ်ဆေးရေးဂိတ်အား ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာရှိ အကြမ်းဖက်တပ်သားများ တပ်စွဲထားရာ ဂိတ်စခန်း ကို ဒရုန်း ၂ စင်းဖြင့် ဗုံးသီး ၂ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေ ဆုံးမှု မသိရသေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသ၊ သရက်ခရိုင် တပ်ရင်း-၄ (Eagle Force)၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့နှင့် ကျောင်းသားလက်ရုံးတပ်(S.A.F)တို့ ပူးပေါင်း ကာတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s