မတ္တရာမြို့နယ်တွင် ပျူစည်းရုံးရေးမှူးဟုနာမည်ထွက်နေသူ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပျူစည်းရုံးရေးမှူးနှင့် ပျူထောက်ပို့ဟု နာမည်ထွက် နေသည့် လ.ဝ.က ဦးစီးမှူး ကျော်နိုင်ဦးဆိုသူ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပစ်သတ်ခံခဲ့ရ ကြောင်း သိရသည်။
“ခေါင်းမှန်ပြီ သေတာ။ ရွာစဉ်လှည်ပြီး ပျူထဲဝင်ဖို့ စည်းရုံးနေတဲ့သူ။ ခါတိုင်းလည်း ဒီဘက်လာနေတာပါ” ဟု သေဆုံးခဲ့သူနှင့်ပတ်သက်၍ ဒေ သ ခံတစ်ဦးက မှတ်ချက်ပြုသည်။
မတ္တရာမြို့နယ်၊ ဝါရင်းတုတ်တံတားပေါ် ဖြတ်သန်းနေစဉ် ကျော်နိုင်ဦး၏ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ် ခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရသေးပေ။
“ကျွန်တော်တို့ရွာဘက် ပျူထဲဝင်မယ့်သူစာရင်းလာကောက်တာလို့ ပြောသံကြားတယ်” ဟု ဝါးရင်းတုတ် ကျေးရွာသားတစ်ဦးကလည်း ဆို သည်။
သေဆုံးသူ လ.ဝ.က ဦးစီးမှူးသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်များကို ပျူစောထီးအဖွဲ့ သို့ ဝင်ရောက်ရန် အဓိကစည်းရုံးနေသူဟု ဒေသခံများကပြောသည်။
သေဆုံးသူထံမှ စာရင်းဇယားစာရွက်များနှင့် ဓါးတစ်ချောင်းကို တွေ့ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။mizzima