မန်းသင်္ကြန်စည်ကားရန် စစ်ကောင်စီက လူထုကို အနုပညာရှင်များဖြင့်စည်းရုံးနေဟုဆို

မန္တ‌လေးသင်္ကြန်ပွဲတော်စည်ကားစေရန်အတွက် စစ်ကောင်စီက အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့် လူထုကိုစည်းရုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

“သတင်းစာအတိုင်းဆိုရင် ဒီနှစ်မန္တလေးသင်္ကြန်ကို အကြီးကြီးဖြစ်အောင် သူတို့စီစဉ်နေတယ်။ ကျုံးပတ် လည်အပြင် မြို့တွင်းနေရာအနှံ့အပြားမှာပါ ရေကစားမဏ္ဍပ်တွေချပေးမယ်။ သူတို့နဲ့ပတ်သက်တဲ့ မဏ္ဍပ် တိုင်းမှာ နိုင်ငံကျော်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ ဖျော်ဖြေပေးကြမယ်၊ အရင်က မန္တလေးသင်္ကြန် တွေမှာ ဒါမျိုးမရှိဘူး၊ မြို့တော်၀န်မဏ္ဍပ်လောက်ပဲ အနုပညာရှင်တွေ ခေါ်နိုင်တာ၊ ပုဂ္ဂလိကမဏ္ဍပ်တွေ ဆိုတာ တစ်ခုနှစ်ခုလောက်ပဲ အနုပညာရှင်ခေါ်နိုင်တယ်၊ အခုက စည်ပင်မဏ္ဍပ်အပါအ၀င် မဏ္ဍပ်ကြီး ခြောက်ခုလို့ ကြေညာထားတယ်။ အဲဒါအပြင် မြို့တွင်းမဏ္ဍပ်တွေမှာလည်း အနုပညာရှင် ဖျော်ဖြေရေးတွေ ပါမယ်လို့ဆိုထားတယ်၊ မန္တလေးသင်္ကြန်စည်ကားဖို့ အနုပညာရှင်တွေနဲ့ စည်းရုံးတဲ့သဘောမျိုးလို့ပဲ ယူ ဆတယ်” ဟု ယနေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာကို ကိုးကား၍ မြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းသည့်နှစ်နှင့် ယမန်နှစ်သင်္ကြန်တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စစ်ကောင်စီက စီစဉ်ခဲ့သော်လည်း လူထုက ပါ၀င်ခြင်းမရှိသည့်အတွက် စစ်ကောင်စီ၏ သင်္ကြန်နှစ်ပွဲစလုံး နှစ်နှစ်ဆက် တိုက် ခြောက်ကပ်စွာဖြင့် ပြီးဆုံးခဲ့ရသည်။

“မှတ်မှတ်ရရပြောရရင် ပြီးခဲ့တဲ့နှစ်သင်္ကြန်အပြီးလောက်ကစပြီး လူထုကိုစည်းရုံးတဲ့နေရာမှာ သူတို့ (စစ်ကောင်စီ)က အနုပညာရှင်တွေကို ထုတ် သုံးလာတာတွေ့ရတယ်။ ရုံးပိတ်ကျောင်းပိတ် အခါကြီးရက် ကြီးတွေမှာတောင် လူတွေက သူတို့(စစ်ကောင်စီ)ရဲ့ပွဲလမ်းသဘင်တွေကို အသွားနည်းကြတယ်၊ ဒါကို သူတို့သတိထားမိပြီး နောက်ပိုင်းမှာ အနုပညာရှင်တွေနဲ့ စည်းရုံးလာတာ သတိထားမိတယ်။ ဆိုရှယ် မီဒီယာတွေကတဆင့် စည်းရုံးကြည့်တော့ သူတို့အောင်မြင်တယ်လို့ မှတ်ယူပြီး၊ သင်္ကြန်ပွဲမှာ အနုပညာရှင် တွေ အများကြီးထုတ်သုံးလာတဲ့သဘောပါပဲ” ဟု မြို့ခံတစ်ဦးကလည်း သုံးသပ်ပြောဆိုသည်။

လာမည့် မန္တလေးသင်္ကြန်ပွဲတော်ကို မန္တလေးနန်းမြို့ကျုံးပတ်လည်နှင့် မြို့တွင်းနေရာအနှံ့အပြား စည်ကားသိုက် မြိုက်စွာကျင်းပသွားရန် စစ်ကောင်စီကစီစဉ်နေခြင်း ဖြစ်သည်။

ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းတွင်၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသွား မည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်အပါအ၀င် မဏ္ဍပ်ကြီးခြောက်ခုတွင် နိုင်ငံကျော်သရုပ်ဆောင် အဆိုတော်များဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထား သည်။

ထို့ပြင် ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းတွင် ၁၉ လမ်းမှ ၂၆ လမ်းအထိ မဏ္ဍပ်ကြီး လေးခု၊ မန္တလေး စျေးချိုတော် နာရီစင်အနီးတွင် စျေးချိုသူ ရေကစားမဏ္ဍပ်၊ သိပ္ပံလမ်းပေါ်တွင် အလျားပေ ၁၀၀ ကျော် အနံ ပေ ၅၀ ခန့်ရှိသော ရေကစားမဏ္ဍပ်ကြီးတစ်ခုနှင့် ၇၃ လမ်းတစ်လျှောက် သ ဇင်လမ်းနှင့် ငုရွှေဝါလမ်းအထိ အရွယ်စုံရေကစားမဏ္ဍပ်များစီစဉ်ထားပြီး ယင်းမဏ္ဍပ်များတွင် နိုင်ငံကျော်သရုပ်ဆောင်အဆိုတော်များ နေ့စဉ်လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်းလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s