မိုးကုတ်တွင် ရွှေတွင်းလုပ်ကိုင်သူ ၃၀ ခန့်ကို TNLA ဖမ်းဆီ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ကျေးရွာတွေက ရွှေတွင်းလုပ်ကိုင်သူ အယောက် ၃၀ လောက်ကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တပ်က မတ် ၁၂ ရက် မနက်မှာ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ် မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။
မိုးကုတ်မြို့ကနေ မိုင်းလုံကျေးရွာမှာ ရွှေတွင်းလုပ်ငန်း လုပ်ကိုင်နေကြသူတွေကို ရွှေတွင်းလုပ်ကွက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“သူတို့ကို အရင်ကတည်းက ဆက်ကြေးပေးပြီး လုပ်နေကြတာ။ ခုဖမ်းသွားတာက ရွှေတွင်းမှာလုပ်တဲ့ စားဖိုချောင်က သုံးယောက်ပဲချန်ပြီး အကုန်ဖမ်းသွားတာ။ ငွေနဲ့လိုက်ရမှာလား၊ ပြန်လွတ်လာမှာလား ဘာမှမသိရဘူး။”
ဖမ်းဆီးခံရသူတွေထဲက အသက်ကြီးတဲ့သူ နှစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ ဘော်လုံးကြီး ပလောင်ကျေးရွာကဖြစ်ပြီး ဘုန်းကြီးတပါးနဲ့ ရပ်မိရပ်ဖတဦး သွားရောက်ညှိနှိုင်းခဲ့ပေမဲ့ ငွေကြေးနဲ့ ညှိမရခဲ့ဘူးလို့ သိရပါတယ်။DVB