ရပ်စောက်မြို့နယ်အတွင်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုနှင့် မိုးသီးကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း ယနေ့ မတ်လ ၁၄ ရက် နံနက်အစောပိုင်းက အချိန် အခါမဟုတ် မိုးရွာသွန်းမှုနှင့် မိုးသီးများ ကြွေကျမှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။
ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာတွင် မိုးသီးများကြွေကျမှုကြောင့် လူနေအိမ် ၂၀ ထက်မနည်း ခေါင်မိုးများပေါက်ပြဲခြင်း၊ မှန်ပြတင်းပေါက်များကွဲခြင်းနှင့် ယာဥ်အချို့ ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အလားတူအချိန်အခါမဟုတ် မိုးရွာသွန်းသည့်ဖြစ်စဥ်ကြောင့် နောင်ချိုမြို့နယ်တွင်လည်း မိုးသီးအများအပြားကြွေကျခဲ့သည်ဟု သိရသည်။ mizzima