ဝက်လက်မြို့၊ ရွှေလှံဗိုလ်ဘောလုံးကွင်းရှိ ပျူစောထီး သင်တန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရွှေလှံဗိုလ် ဘောလုံးကွင်းရှိ ပျူစောထီး သင်တန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝက်လက်မြို့ ရွှေလှံဗိုလ် ဘောလုံးကွင်းရှိ ပျူစောထီး သင်တန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေလှံဗိုလ် ဘောလုံးကွင်းအတွင်း၌ အကြမ်းဖက် စစ်သားများလည်း တပ်စွဲထားပြီး လက်နက်ကြီးများဖြင့်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစစ်သားများ နေထိုင်သည့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး ပျူသင်တန်းပေးမှု တစ်ရက်တာ ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် People Servant Revolution Force တို့ပူပေါင်းကာ လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit