အိန္ဒိယနိုင်ငံမှ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များ ချင်းပြည်နယ် ပလက်ဝနယ်အတွင်းသို့ သေ နတ်ပစ်ဖောက် ဝင်ရောက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒေသခံကာကွယ်ရေးတပ် (CDF-ပလက်ဝ) အခြေစိုက်ရာအနီး သို့ အင်အား ၁၅ ဦးနီးပါးရှိသည့် အိန္ဒိယနိုင်ငံမှ အာသံရိုင်ဖယ်တပ်ဖွဲ့များ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက သေနတ်ပစ်ဖောက်၍ ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့များ ဝင်ရောက်လာသည့်နေရာသည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ရွှေလိုက်ဝကျေး ရွာသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဇန်န ဝါရီလအတွင်းကလည်း ကားနှစ်စီး၊ အင်အား ၁၅ ဦး ခန့်ဖြင့် ဝင် ရောက်ခဲ့ကြောင်းလည်း သိရသည်။

“အာသံတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ပေါ့ ရွှေလက်ဝရွာထဲက စာသင်ကျောင်းအနီးထိ ရောက်လာကြတယ်။ ပြန် ထွက်တဲ့အခါမှာလည်း ရွာထဲမှာသေ နတ်တွေပစ်ဖောက်ပြီး ထွက်သွားကြတယ်။ သူတို့အကြောင်းပြချက် ကတော့ အိန္ဒိယ-မြန်မာနယ်စပ်ကျောက်တိုင်ကို လာကြည့်တာလို့ပြောတယ်” ဟု ဒေသခံ သတင်းရင်းမြစ် များက မဇ္ဈိမကိုပြောသည်။

အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များ ဝင်ထွက်နေသည့်‌ ရွှေလက်ဝရွာသည် မြန်မာနိုင်ငံဘက်ခြမ်းတွင်ရှိ ကာ အိန္ဒိယနှင့်ပလက်ဝနယ်စပ်ရှိ ကျေး ရွာငယ်ဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့(CDF-ပလက်ဝ) တပ်ရင်း-၂ အခြေစိုက်ရာနေရာလည်း ဖြစ်သည်။

“ကျွန်တော်တို့ နယ်စပ်မှာရှိတဲ့ CDF-ပလက်ဝစခန်းတွေကို သူတို့ အာသံတပ်တွေက ဖယ်ခိုင်းတယ်။ ကျွန်တော်တို့ ဖယ်ပေးလိုက်တယ်၊။ အဲဒီစခန်းတုန်းကဆိုရင်လည်း အိန္ဒိယနယ်စပ်ကနေ ၄၅ မိနစ် လောက်သွားရတယ်။ ချောင်းတစ်ဖက်က အိန္ဒိယ၊ တစ်ဖက်က မြန်မာနယ်နိမိတ်ကြားမှာ ဆိုတော့ အိန္ဒိယ ဘက်ကဒေသခံတွေက အာသံတပ်တွေကို သတင်းပို့တဲ့သဘောရှိတယ်။ ဒါကြောင့် တစ်ပတ်နှစ်ကြိမ် လောက် စခန်းတွေကို ဒရုန်းနဲ့ ထောက်လှန်းတာတွေရှိတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် ယခင်က ပလက်ဝနယ်ထဲသို့ ဝင်ရောက်လာသည့်အခါတိုင်း နယ်ခြားကျောက်တိုင်များစစ်ဆေးရန် အကြောင်းပြလေ့ရှိပြီး ယခုအခေါက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ရွာသားများကိုခေါ်ယူပြီး‌ ဒေသခံကာကွယ်ရေးတပ်များအကြောင်း အသေးစိတ် လိုက်လံမေးမြန်း မှုများရှိခဲ့သည်ဟုလည်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s