“၁၀၀၀၀ ကျပ်လှူ ချစ်သူနဲ့အတူသွားစို့ က လောသို့” ပရောဂျက်မှရရှိငွေများအား အညာဒေသနှင့် မြို့ပြပြောက်ကျားများကို ခွဲဝေထောက်ပံ့သွားမည်

“Pann Sine – ပန်းဆိုင်” နှင့် ကိုစောတင်မောင် (To Comrades – ရဲဘော်များသို့)တို့ ပူးပေါင်းပြုလုပ်သည့် “၁၀၀၀၀ ကျပ်လှူ ချစ်သူနဲ့အတူသွားစို့ ကလောသို့” ပရောဂျက်မှ ရရှိငွေများအား အညာဒေသနှင့် မြို့ပြပြောက်ကျားများကို ခွဲဝေထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
“အညာဒေသက တိုက်ပွဲပြင်းထန်သလောက် လက်နက်အင်အားနည်းပါးတယ်။ မောင်းပြန်ရှိတဲ့ တပ်ရင်း တွေတပ်ဖွဲ့တွေ ရှိသလို၊ လက်လုပ်နဲ့ပဲ အသေခံတိုက်နေရတဲ့ တပ်တွေရှိတဲ့အတွက် ထောက်ပံ့ဖို့ ရွေးချယ် ထားတာဖြစ်ပါတယ်။ နောက်ပြီး UG တွေက ပေါ်ပေါ်ထင်ထင်အလှူခံလို့မရဘူး လိုအပ်ချက်အရမ်းများ တယ်။ အဲဒါကြောင့် UG တွေကို ထောက်ပံ့ဖို့ပါလုပ်တာ” ဟု Pann Sine – ပန်းဆိုင်မှတာဝန်ခံ ဖိုးဝိဒက ပရောဂျက်ပြုလုပ်ရသည့်ရည်ရွယ်ချက်အား မဇ္ဈိမကိုပြောသည်။
ယခုပရောဂျက်မှာ တော်လှန်ရေးကိုပြီးဆုံးတိုင် ပါဝင်တိုက်ပွဲဝင်သွားမည့် တော်လှန်ပြည်သူများအတွက် တော်လှန်ကာလအလွန်တွင် အေး ချမ်းလှပသည့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့သို့ နေ/စား စရိတ် ငြိမ်း ပို့ဆောင်ပေးမည့် ခရီးစဉ်လက်မှတ်များ ရောင်းချပေးခြင်းဖြစ် သည်။
လက်မှတ်ရောင်းချမှုအား မတ်လ ၃ ရက်နေ့ကစတင်ခဲ့ပြီး လက်မှတ်တစ်စောင်လျှင် ကျပ် ၁၀,၀၀၀ နှုန်း ဖြင့် ရက်အကန့်အသတ်မရှိ ရောင်းချပေးရာ ကျပ်သိန်း ၅၀ ရရှိရန် ခန့်မှန်းထားကြောင်းဆိုသည်။
ကလောခရီးစဉ်လက်မှတ်ဝယ်ယူထားသူများအနက်မှ ကံထူးရှင်တစ်ဦးကိုရွေးချယ်ပြီး တော်လှန်ရေး ကာလ အလွန်တွင် ကလောမြို့ရှိ အထင် ကရနေရာများကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
“၁၀၀၀၀ ကျပ်လှူ ချစ်သူနဲ့ အတူ သွားစို့ ကလောသို့” ကလောမြို့ခရီးစဉ် လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် “Pann Sine – ပန်းဆိုင်” နှင့် ကို စောတင်မောင် (To Comrades – ရဲဘော်များသို့) လူမှုကွန် ရက်စာမျက်နှာတို့ထံ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
ရရှိငွေများထဲမှ ၅၀ ရာခိုင်နှုန်းကို မြို့ပြပြောက်ကျား(UG) များနှင့် ကျန် ၅၀ ရာခိုင်နှုန်းကို အညာဒေသ တပ်ရင်းနှစ်ခုဆီသို့ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်အနေဖြင့် စစ်ကြောင်းများထိုးခံနေရသည့် ကရင်နီဒေသတွင် စစ်ရှောင်များ ပိုမိုများပြား လာသဖြင့် ဆေးဝါးများလိုအပ်လာသည့်အတွက် အားဖြည့်ကူညီပေးရန် “Pann Sine – ပန်းဆိုင်”က တောင်းဆိုထားသည်။ mizzima