စစ်တပ်ခြံစည်းရိုးအနီး မိုင်းနင်းမိ၍ အမျိုးသ မီးတစ်ဦး ခြေထောက်တစ်ဖက်ပြတ်တနင်္သာရီမြို့ရှိ ခြေမြန်တပ်ရင်းအနီး သီဟိုဠ်စေ့သွားကောက်စဉ် နင်းမိခြင်းဖြစ်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာရှိ အမှတ် (၅၆၁) ခြေမြန်တပ်ရင်း ခြံစည်းရိုးအနီးတွင် ယမန်နေ့ (မတ် ၁၄) က ဒေသခံအမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ ခြေထောက်တစ်ဖက်ပြတ်သည်အထိ ဒဏ်ရာအပြင်းအထန် ရသွားသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ရွာမှ အသက် ၄၇ နှစ်အရွယ် ဒေါ်အေးမူသည် စစ်တပ်ခြံစည်းရိုးနှင့် ကပ်လျက်ရှိခြံအတွင်း သီဟိုဠ်စေ့ကောက်ရန်ထွက်လာချိန်တွင် မိုင်နင်းမိခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စကစဘက်က သူတို့ စခန်းပတ်ပတ်လည်မှာ မိုင်းထောင်ထားတဲ့ဟာရှိတယ်။ အခုလည်းရှိတယ်။ အများကြီးပဲ ထောင်ထားကြတယ်။ အဲ့ဒီမှာမိုင်းကိုနင်းမိသွားတာပေါ့။ ခြေတစ်ဖက်ကတော့ ပြတ်ဖို့ အရေပြားလေးနည်းနည်းပဲကျန်တယ်”

ညာဘက်ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရရှိခဲ့သူ ဒေါ်အေးမူကို ပရဟိတအဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် မြိတ်မြို့ရှိ တပ်ဆေးရုံတစ်ခုသို့ ပို့ထားပြီး အခြေအနေ အသေးစိတ်မသိရကြောင်း၊ အလစ်အငိုက်ဝင်ရောက်တိုက်ခံရမည်ကို စိုးရိမ်သဖြင့် စစ်တပ်က တပ်ခြံစည်းရိုးပတ် လည်တွင် မိုင်းထောင်ထားခြင်းဖြစ်ကာ ယခင်ကလည်း ကျွဲနွားများ မိုင်းနင်းမိသည့်ဖြစ်စဉ်များရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

တနင်္သာရီတိုင်းအတွင်း ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်ရန် အင်အား အလုံးအရင်း တိုးချလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s