ဆားလင်းကြီးမြို့နယ် သာယာကိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့နယ် ၊ အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သာယာကိုင်းကျေးရွာကို မတ်လ ၁၅ ရက် နေ့လယ်ပိုင်း ၁ နာရီ အချိန်တွင် စတင်၍ ဒုတိယ အကြိမ်မြောက် မီးရှို့ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ လေကလည်း မြူးတော့ မီးက အားကောင်းနေဆဲ ဖြစ်ပါတယ်။ စစ်တပ်ရန်ကြောင့် ဘယ်သူမှလည်း အနီးကပ် သွားမကြည့်ရဲကြဘူး ။ တချို့ဆို နွားတွေ ၊ ဝက်တွေ မလွှတ်ခဲ့ကြရဘူး “ ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

သာယာကိုင်း ကျေးရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး ပထမအကြိမ် မီးရှို့ခံရမှုတွင် နေအိမ် ၃၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် သာယာကိုင်း ၊ ရေခါး ၊ ဖောင်းကတာ ၊ မန်ကျည်းတစ်ထောင် စတဲ့ ကျေးရွာများမှ လူဦးရေ ၈,၀၀၀ ခန့် စစ်ရှောင်နေရကြောင်းလည်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s