တန့်ဆည်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သားနှင့်ပျူစောထီး ၉ ဦးထက်မနည်းသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း၇တို့ တိုက်ပွဲ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်း သေဆုံးကြောင်း တန့်ဆည်PDFထံမှ သိရသည်။

ယနေ့ မတ်လ၁၅ရက် နံနက်၅ နာရီခန့်အချိန် တန့်ဆည်-ကာဘိုး-ရွှေဘိုလမ်း၊ ရွှေလမ်းဆုံမှ ကုန်တင်ကား၂စီး ဖြင့် ထွက်ခွာလာသော စစ်ကောင် စီတပ်သားနှင့် ပျူစောထီး အင်အား၃၀ခန့်ကို ရွှေဘိုခရိုင်တပ်ရင်း၇ ရဲဘော်များက ပဒေ သာ မိုင်းဆွဲ၍ လက်နက်ငယ်များ၊ ၄၀မမ လက်နက် ကြီးတို့ဖြင့် ၁ဝမိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူ‌စောထီး ၄ဦးထက်မနည်း သေဆုံးပြီး PDFရဲ‌ဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တန့်ဆည်မြို့မှ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော ခမရ-၃၆၁ စစ်ကောင်စီတပ်ကို မတ်လ၁၃ရက် နံနက်၈နာရီခန့်တွင် ‌ရွှေဘိုခရိုင်တပ်ရင်း၇က ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက် ပွဲ၁၅မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် အက်တောရွာ အနီးသို့ ရောက်လာသော စစ်ကောင်စီတပ်ကို မတ် လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း ၇ က ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ် ရာရရှိသွားကြောင်း တန့်ဆည်PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

“ဒီနေ့ စစ်ခွေးနဲ့ ပျူတွေပါလာတဲ့ ကားနှစ်စီးကို ကျနော်တို့ ပဒေသာမိုင်းဆွဲပြီး ပစ်ခတ်တာ အကျအဆုံးများတယ်။ ကားကို တရကြမ်းမောင်းပြေးပြီး ကာဘိုးရွာထဲကို ဝင်သွားတာ။ ၁၃ရက်နေ့တုန်းကလည်း တိုက်ပွဲတစ်ကြိမ်၊ မိုင်းဆွဲတာတစ်ကြိမ် ရှိခဲ့ပါတယ်။ မိုင်းကွင်းထဲဝင်လာတာကို ဆွဲလိုက်တာ ၃ကောင်သေပြီး ၂ကောင် ‌ခြေတွေလက်တွေပြတ်ကုန်တာ” ဟု ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s