တပ်တွင်းသတင်းမှန်များ ပေးပို့သူများကို ဆု ငွေချီးမြှင့်မည်ဟု CDF – Mindat ဖိတ်ခေါ်

စစ်ကောင်စီတပ်၏ တပ်တွင်းလှုပ်ရှားမှု သတင်းမှန်များကိုပေးပို့နိုင်ပြီး သတင်းခိုင်မာမှုအပေါ် မူ တည်၍ ဆုကြေးငွေများချီးမြှင့်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ယနေ့ မတ်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသိရှိစေရန် အသိပေးကြေညာချက်တွင် ၎င်းတို့၏ တပ်တွင်းလှုပ်ရှားမှုသတင်း မှန်များကို ပြည်သူများ အန္တရာယ် ကင်းစေရန်ရည်ရွယ်ပြီး သတင်းများပေးပို့နိုင်ကြောင်း ဖိတ်ခေါ်ထား ခြင်း ဖြစ်သည်။
CDF – Mindat အနေဖြင့် ၂၀၂၁ခုနှစ် ဩဂုတ်လဆန်းပိုင်းကလည်း လက်နက်နှင့်တကွ CDM ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကျပ် ၅,၀၀၀,၀၀၀ (သိန်းငါးဆယ်) ချီးမြှင့်မည်ဟု ကြေညာခဲ့ ကြောင်း ဆိုသည်။
အလားတူ CDM ဝင်ရောက်လာ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို တစ်နိုင်ငံလုံးရှိ တော်လှန်ရေး အင်အားစုများက ဆုကြေးငွေများ အသီး သီးချီးမြှင့်လျက်ရှိကြောင်း ဖော်ပြထားသည်။
CDM မဝင်နိုင်သေးသော်လည်း စစ်ကောင်စီတပ်၏ လှုပ်ရှားမှုအတွင်းသတင်းများ ပေးပို့တတ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ရှိနေကြောင်းလည်း အသိပေးထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်ကာ ပြည်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
၂၀၂၂ ခု ဒီဇင်ဘာလ ၁၆ ရက်နေ့၌ မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တွင်တာဝန် ထမ်းဆောင်နေသော တပ်သား မျိုးသက်ပိုင်သည် MA1 သေနတ်တစ်လက်နှင့် ကျည်ဆံ အချို့ကို CDF – Mindat ထံ အပ်နှံကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့ကြောင်းလည်း သိရှိရသည်။ mizzima