နိုင်ငံတကာ ပါလီမန်များ ညီလာခံတွင် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်များ အပေါ် မြန် မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တင်ပြ

ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် ၁၄၆ ကြိမ်မြောက် နိုင်ငံ တကာ ပါလီမန်များ ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အပေါ်မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့၌ ကျင်းပခဲ့သည့် “Panel Discussion: Parliamentary solidarity with MPs at risk” ဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်နေသည့် မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့က မြန်မာစစ်တပ်၏ ဥပဒေမဲ့ ချိုးဖောက်မှုများ၊ လွှတ်တော်ကိုယ် စားလှယ်များအပေါ် ကျူးလွန်မှုများ၊ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် မတရားဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများအပေါ် ခြိမ်း ခြောက်ဖမ်းဆီးမှုများနှင့် ပိုင်ဆိုင်မှုများ ဖျက်ဆီး သိမ်းယူခံရသည့် အခြေအနေများ၊ ဖမ်းဆီးပြီးနောက် လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဘီးလင်းမဲဆန္ဒနယ်အမှတ် ၂ ၊ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် တိမ်းရှောင်နေစဉ်အတွင်း ဆေးကုသမှုအခက် အခဲကြောင့် သေဆုံးခဲ့ရသည့် လွှတ်တော်ကိုယ် စားလှယ်များ၏ အခြေအနေများနှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ထည့်သွင်းဆွေးနွေးတင်ပြခဲ့သည်။

လက်ရှိ အချိန်အထိ အာဏာသိမ်း စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၅ ဦးကို ဥပ ဒေမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများကြားမှ မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေမှုများ၊ အားလုံးပါဝင်နိုင်မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးကြိုးပမ်းမှုများတွင် ကမ္ဘာတစ်ဝန်းမှ လွှတ် တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက လက်တွေ့ကျသော ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုတိုက်တွန်းခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s