ပုံဟောင်းများအသုံးပြုကာ အမေရိကန်မှဘဏ်နှစ်ခုပြိုလဲမှုအတွက် နိုင်ငံသားများဆန္ဒပြနေဟု သတင်း မှားဖြန့်

အမေရိကန်ရှိဘဏ်များတွင် ပိုက်ဆံလိုသလောက်ထုတ်မရသောကြောင့် နိုင်ငံသားများ လမ်း ပေါ်ထွက် ဆန္ဒပြနေကြကြောင်းသတင်း ဓာတ်ပုံလေးပုံနှင့်တကွ ပျံ့နှံ့နေသည်။ ထိုပုံများမှာ ပုံအဟောင်း များဖြစ်သည်။

“Myanmar Today” အမည်ရှိတယ်လီဂရမ်မှ “ US မှာတော့ ဘဏ်တွေမှာ ပိုက်ဆံလိုသလောက်ထုတ်မရ လို့ဆန္ဒပြကြပြီ… မှတ်မိကြသေးလား မြန်မာမှာလည်း ဘဏ်တွေပြိုလဲဖို့ US က မီးထိုးပေးခဲ့တာကို… မြန်မာမှာတော့ ဘယ်ဘဏ်မှ ဒေဝါလီခံရတာမျိုးမရှိဘဲ US မှာတော့ ပြိုလဲကြပြီ… ဝဋ်တွေ အချီကြီးလည် နေပြီ… နောက်ထပ်လာဉီးမှာ.. မြန်မာနိုင်ငံကို ဖျက်ဆီးဖိုကြံနေတဲ့သူတွေ” ဟုဆိုကာ ဓာတ်ပုံလေးပုံနှင့် တကွ ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာသည် အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်ပျံ့နှံ့ခဲ့ပြီး ဖတ်ရှုသူပေါင်း ၂၀,၀၀၀ နီးပါးအထိ ရှိခဲ့သည်။

အဆိုပါအကြောင်းအရာကို အချက်အလက်စစ်ဆေးရာတွင် အမေရိကန်တွင် ဆန္ဒပြနေကြောင်း အသုံးပြု ထားသည့်ပုံများသည် ပုံအဟောင်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါဓာတ်ပုံများသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလက အမေရိကန်တွင်ပြုလုပ်ခဲ့သည့် Lehman Brothers ဒေဝါလီခံမှု ၁၀ နှစ်ပြည့်မှ ဓာတ်ပုံများဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလကဖြစ်ခဲ့သည့် Lehman Brothers ဒေဝါလီကိစ္စသည် ဘဏ္ဏာရေးအရှုပ်အရှင်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။

မူရင်းပုံလင့်များ – http://bit.ly/42aEFs2 , http://bit.ly/3JhKY4n, http://bit.ly/3yEpfi9

အမေရိကန်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက Silicon Valley Bank နှင့် Signature Bank တို့ ပြိုလဲမှုဖြစ် ခဲ့သည်။ ထိုအခြေအနေကြောင့် အာရှနှင့် ဥရောပမှ ဘဏ်ရှယ်ယာများ ဆက်တိုက်ကျဆင်းမှုများရှိခဲ့ သည်။ သို့သော် ထိုဘဏ်အခြေအနေများကို ထိန်းချူပ်ထားနိုင်သည်ဟု အမေရိကန်သမ္မတဂျိူးဘိုင်ဒန်က အာမခံကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

လင့် – https://bit.ly/42bFYa8

နိုင်ငံတကာသတင်းမီဒီယာများတွင်လည်း အမေရိကန်ဘဏ်နှစ်ခုပြိုလဲသည့်သတင်းများ ဖော်ပြမှုရှိသော် လည်း အမေရိကန်နိုင်ငံသားများ ငွေထုတ်မရဖြစ်ခြင်း၊ ဆန္ဒထွက်ပြသည့်သတင်းများကို မတွေ့ရပေ။

ထို့ကြောင့်လက်ရှိပျံ့နှံ့နေသည့် အမေရိကန်ရှိဘဏ်များတွင် ပိုက်ဆံ လိုသလောက်ထုတ်မရခြင်းကြောင့် နိုင်ငံသားများလမ်းပေါ်ထွက် ဆန္ဒပြနေကြကြောင်းသတင်းများသည် ပုံအဟောင်းများကို အသုံးပြုထား သည့် သတင်းအမှားသာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s