ပေါက်မြို့နယ်၊ ရိုးဇရပ်ရွာမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက် ခိုက်မှု သေဆုံးမှု များပြား

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရိုးဇရပ်ရွာမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁၀ ဦးသေဆုံးကြောင်း West-Ayeyar Guerrilla Force (WAGF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် ပေါက်မြို့နယ် အရှေ့ပိုင်း၊ သာကြီးတောင်ရေနံမြေ၊ ရိုးဇရပ်ရွာမှ အနောက်ဘက်သို့ ကင်း ပုန်းဝပ်ရန် ထွက်လာသည့် စစ်သား ၂၅ ဦးခန့်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၁ လုံး၊ မိုင်း ၁၀ လုံးတို့ဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကာ ဆေးရုံအရောက်တွင် ၈ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာကို ကာကွယ်ရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး MA -1 ကျည်ဘောက် ၂ ခု၊ ၅.၅၆ ကျည် ၅၇ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို West-Ayeyar Guerrilla Force (WAGF) နှင့် Myaypyant Regian Defence Force – MRDF တို့က ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s