ဘုတလင်မြို့အဝင် စစ်တပ်တပ်စွဲထားသော ကြောင်ပန်းဂိတ်၊ သစ်တောရုံးကို ဝင်ရောက် တိုက်ခိုက်၊ စစ်တပ် ကင်း ပုန်းဝပ်နေသည့် စက်သုံးဆီဆိုင်ကို မီး ရှို့
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဘုတလင်မြို့အဝင်ရှိ စစ်တပ် တပ်စွဲထားသော သစ်တောရုံးနှင့် ကြောင်းပန်းဂိတ်ကို ဝင်ရောက် တိုက်ခိုက်ပြီး စစ်သားများ ကင်းပုန်းဝပ်သည့် Denko ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Myanmar Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံ သို့ပြောကြား သည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်အချိန် ဘုတလင်မြို့အဝင် သစ်တောရုံးအတွင်း အထိုင်ချတပ်စွဲသော အကြမ်းဖက်စစ်သားများနှင့် ကြောင်ပန်းဂိတ်ရှိ အကြမ်းဖက် စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်သားများ ကင်းပုန်းဝပ်နေရာယူထားသောအထပ်မြင့် ၃ ထပ်အဆောက်အအုံကိုလည်း RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စစ်သားများ ကင်းပုန်းဝပ်ရာ DENKO ဓာတ်ဆီဆိုင်ကို လည်း မီးရှို့ရှင်းလင်းခဲ့ရကြောင်း သိရှိရသည်။
“ဝင်တိုက်တာကတော့ ကြောင်ပန်းဂိတ်ရယ်၊ သစ်တောရုံးရယ်၊ Denko ဆီဆိုင်က ပိတ်ထားတာကြာပြီ၊ ခွေးတွေ ကင်းပုန်းလာဝပ်တဲ့နေရာ၊ အဲဒါကြောင့် နောက်ထပ် လာမဝပ်နိုင်အောင် မီးရှို့ပေးခဲ့တာ၊ ဆီဆိုင် မီးလောင်တာကို စစ်ခွေးကား ၂ စီးနဲ့ လာငြိမ်းသတ်သွားတယ်၊ ရဲဘော် တွေအားလုံးဘေးကင်းပါတယ်၊” ဟု Myanmar Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို MDF-Special Force(ရွှေဘိုခရိုင် အမှတ် -၂၆)တပ်ရင်းမှ လင်းယုန်စစ်ကြောင်း၊ ကျောင်းသားလက်ရုန်းတပ်တော်(SAF) နှင့် ဗန္ဓုလတပ်ရင်း တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု မသိရှိရသေးကြောင်း၊ ကြောင်ပန်း စစ်ဆေးရေးဂိတ်သည် ဘုတလင်မြို့အတွင်းသို့ ဝင်၊ ထွက်နေသော ပြည်သူများ၏ ဆိုင် ကယ်များ၊ ကား များကို မတရား ဆတ်ကြေးကောက်နေသည့်အပြင် အပြစ်မဲ့ပြည်သူများကို အကြောင်း အမျိုးမျိုးပြကာ ငွေကြေးတောင်းခံခြင်း၊ မသင်္ကာသည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်း များလုပ်ဆောင်နေသော ဂိတ်ဖြစ်ကြောင်း သိရှိရသည်။
“ဒီမနက် စစ်ခွေးတွေက ဘုတလင်မြို့ကို တစ်ပတ်ပတ်ပြီး အပြစ်မဲ့ပြည်သူမိန်းကလေးတစ်ဦးကို ပစ် သတ်သွားတယ်၊ အခုတော့ စစ်ခွေးတွေ ခြံထဲပြန်ရောက်သွားပြီလို့ သတင်းရထားပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် (၂၆)တပ်ရင်း ၊ Myanmar Defense Force- MDF- ဗဟိုပြန်ကြား ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။khit thit