မန်းသင်္ကြန်တွင် အခွန်အခပေးရန်မလိုဘဲ ရေကစားရန်နေရာလျှောက်ထားနိုင်ဟု စစ်ကောင်စီဖိတ်ခေါ်

မန္တလေးသင်္ကြန်တွင် ရေကစားရန်နေရာများကို အခွန်အခပေးသွင်းရန်မလိုဘဲ လျှောက်ထားနိုင် ကြောင်း စစ်ကောင်စီကစည်းရုံးသော်လည်း လုပ်ငန်းရှင်အများစုကစိတ်ဝင်စားမှုမရှိကြသေးကြောင်း စုံစမ်းသိရသည်။
“ကျွန်တော်တို့လည်း ကြားတယ်။ မဏ္ဍပ်အတွက် ဘာအခွန်မှပေးစရာမလိုဘူးလို့ စည်ပင်ကဖိတ်ခေါ် ထားတယ်ပေါ့။ အခုထိတော့ ဖိအားပေးတာမျိုး မရှိသေးဘူး။ လုပ်ငန်းရှင်တွေ လုပ်ကိုလုပ်ရမယ်ဆိုလာ ရင်တော့ ဘယ်လိုနေမယ်မသိဘူး။ သင်္ကြန်ပွဲဝင်ပါဖို့အတွက်တော့ စိတ်မဝင်စားဘူး၊ ပြဿနာတွေအများ ကြီးနဲ့ ကျွန်တော်တို့ မစွန့်စားရဲဘူး” ဟု မြို့ခံလုပ်ငန်းရှင်တစ်ဦးကပြောသည်။
မန္တလေးသင်္ကြန်ပွဲစည်ကားစေရန်အတွက် သင်္ကြန်ပွဲပါဝင်ဆင်နွှဲမည့် မည်သူကိုမဆိုရေကစားရန် နေရာ အတွက် မည်သည့်အခွန်အခမျှပေးရန်မလိုဘဲ ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက မတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် ဖိတ်ခေါ်ထားသည်။
“အခုထိတော့ ဘာညွှန်ကြားစာမှ မလာသေးဘူးဗျ၊ Alpine တို့ဘာတို့လို လုပ်ငန်းအကြီးကြီးတွေဆီတော့ မသိဘူး။ ကျွန်တော်တို့ အလတ်စားလုပ်ငန်းတွေကိုတော့ မဏ္ဍပ်ဆောက်ဖို့ ဖိအားပေးတာမရှိသေးဘူး။ ရှိ လာရင်တော့ ကျွန်တော်တို့လည်းဘာ မှတတ်နိုင်မှာမဟုတ်ဘူး၊ သင်္ကြန်အကြို စျေးရောင်းပွဲတွေ လုပ်ကြ ဖို့တော့ နှုတ်နဲ့ညွှန်ကြားတာတွေရှိတယ်။ တချို့လည်း အဲဒီအတွက်ပြင်ဆင်နေကြပြီ။ ကိုယ့်စိတ်ရင်းနဲ့ ကိုယ် သင်္ကြန်ပွဲဝင်နွှဲမလားဆိုရင်တော့ နိုးလို့ပဲပြောပါရစေ”ဟု ခေတ်အဆက်ဆက် မန္တလေးသင်္ကြန်ပွဲ ပါဝင်ဆင်နွှဲခဲ့သည့် အလတ်စားစီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် မန္တလေးသင်္ကြန်ပွဲစည်ကားစေရန်အတွက် အာဏာသိမ်းသည့်နှစ်နှင့် ပြီးခဲ့သည့်နှစ်တို့ က အလားတူစည်းရုံးခဲ့သော်လည်း လုပ် ငန်းရှင်အများစုက စိတ်ပါဝင်စားမှုမရှိခဲ့ခြင်းကြောင့် ၎င်းတို့ လူနည်းစုဖြင့်သာ ကျင်းပခဲ့ရသည်။
ယခုနှစ်တွင်မူ ကနဦးအဆင့်အဖြစ် ရေကစားရန်နေရာများကို မည်သည့်အခွန်အခမျှ ပေးသွင်းရန်မလိုဘဲ ဦးရာ လူစနစ်ဖြင့်လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး၊ နောက်ဆက်တွဲ ဖိအားပေးဆောက်ခိုင်း လာမည်ကို လုပ်ငန်းရှင်များဘက်က စိုးရိမ်ကြောင့်ကြမှုရှိနေကြောင်း သိရသည်။mizzima