လက်နက်ဖိုး ငွေလိမ်လည်သွားသူ ၁ဦးကို စစ် ဆေးမေးမြန်းပြီး ကော်သူးလေတပ်မတော်မှ ထိုင်းထောက်လှန်းရေးနှင့် ညှိနှိုင်းကာ ပြန် လည်လွှတ်ပေး

ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကော်သူးလေတပ်မတော် Freedom Fighter စစ်ကြောင်းမှ လက်နက်ဖိုးငွေ လိမ်လည်သွားသူ တစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး ထိုင်းထောက်လှန်းရေးနှင့် ညှိနှိုင်းကာ ယနေ့မတ်လ ၁၅ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားသည့် ကရင်လူမျိုး အမျိုးသမီးပါ သုံးဦးသည် Freedom Fighterစစ်ကြောင်းမှ လက်နက်ဖိုးငွေများကို လိမ် လည်ယူသွားသည့်အတွက် အခုလိုခေါ်ယူစစ်ဆေးခဲ့ရကြောင်း Freedom Fighter စစ်ကြောင်းထံမှ သိရသည်။

“ထိုင်းလူမျိုးတော့မဟုတ်ဘူး၊ သူတို့က ကျနော်တို့ကို လက်နက်ဝယ်ပေးမယ်ဆိုပြီး ဆက်သွယ်လာတယ်၊ လက်နက်ကို သူက ဟိုဘက်ကို သွားဆင်းကြည့်ရမယ် ပိုက်ဆံပါယူသွားရမယ် ပိုက်ဆံပြရမယ်ပေါ့၊ အဲ့လိုပြောတယ်၊ သူ ကျနော်တို့ဆီက ဘတ်ငွေ သိန်းတစ်ရာတောင်းတယ်၊ အဲ့လိုဆိုတော့ ကျနော်တို့ သိန်းတစ်ရာပေးဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ပစ္စည်းလည်းမမြင်ရဘူး၊ အဲ့တော့မပေးနိုင်ဘူးလို့ ပြောတယ်၊ သူက ဒါဆိုရင် ဘတ် သိန်းသုံးဆယ်လွှဲပေးလို့ရရင် လွှဲပေးပါလို့ ပြောတယ်၊ သူယူသွားပြီးတော့ သူပြန်ပို့မှာပါတဲ့ အဲ့တော့ကျနော်တို့က လွှဲပေးလိုက်တယ်”ဟု Freedom Fighter စစ်ကြောင်းမှ ဒုတပ်ရင်းမှူးဟယ်ရီမှ ပြောသည်။

ယင်းအမျိုးသမီးသည် ထိုင်း-ကမ္ဘောဒီယားနယ်စပ်ကို သွားရောက်ခဲ့ပြီးနောက် နေအိမ်ကိုပြန်ရောက်လာပြီး တိမ်းရှောင်နေခဲ့ကြောင်းသိရသည်။

“ဟိုဘက်ရောက်နေတဲ့အချိန်က ဖုန်းဆက်တယ် သူမကိုင်ဘူး၊ သူ့အိမ်ကို ပြန်ရောက်တော့ ဖုန်းဆက်တော့ အမဘယ်လိုဖြစ်တာလဲလို့မေးတော့ သူ့ပိုက်ဆံကို ဓားမြတိုက်သွားလို့ပြောတယ်၊ နောက်ပြီးတော့ သူတို့ သုံးယောက်သွားတယ်၊ သုံးယောက်စလုံးရဲ့ထွက်ဆိုချက်က တစ်ယောက်ကို တစ်မျိုးစီဖြစ်နေတယ်၊ အဲ့တော့ ကျနော်တို့ခေါ်တယ်၊ အမ ကျနော်တို့နဲ့ လိုက်တွေ့ပါဆိုတော့ သူမလာဘူး၊ အဲ့တော့ သူ့ကိုသွားခေါ်တယ်၊ ဆွေးနွေးဖို့ မေးဖို့အတွက် သွားခေါ်လာတယ်၊ သူက အေးအေးဆေးဆေးအခေါ်မခံဘူး၊ ထွက်ပြေးမလိုလုပ်တော့ သူ့ကိုမရရအောင်ခေါ်လာခဲ့တယ်၊ သူနဲ့ သူ့ယောက်ကျားနဲ့” ဟု Freedom Fighterစစ်ကြောင်းမှ ဒုတပ်ရင်းမှူးဟယ်ရီက ပြောသည်။

ယင်းအမျိုးသမီးကို စစ်ဆေးမေးမြန်ရာ ဓားမြတိုက်ခံရသည်ဟု ထွက်ဆိုနေသော်လည်း မိုဘိုင်းဘဏ်အကောင့်ကို စစ်ဆေးကြည့်ရာ အဆိုပါငွေများကို အခြားအကောင့်သို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

ထိုင်းအစိုးရဘက်မှလည်း freedom fighter စစ်ကြောင်းမှပြန်ပေးဆွဲ သည်ဟုဆိုကာ လိုက်လံဖမ်းဆီးမှုများရှိခဲ့သည်။ freedom fighter စစ်ကြောင်းမှ အဖွဲ့ဝင်အချို့နှင့် ဒုတပ်ရင်းမှူးဟယ်ရီ၏ မိသားစု လေးယောက်ကိုပါ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ထိုင်းအစိုးရဘက်က သူ့လူတွေကို ပြန်ပို့ပေးဖို့ပြောတယ်၊ အမှုကိုကျေအေးပေးမယ်လို့ပြောတယ်၊ အဲ့တော့ ကျနော်ငွေတွေကို ဘယ်လိုလုပ်ပေးမလဲဆိုတော့ သူတို့ ဟိုဘက်ကနေပြန်လိုက်ပေးမယ်လို့ပြောတယ်၊ ကျနော်တို့မိသားစုကိုလည်း အချုပ်ခန်းထဲထည့်ထားတော့ အဆင်မပြေဘူးလေ၊ အဲ့တော့ ကျနော် ဒီနေ့နံနက်ကပဲ ပြန်ပို့ပေးလိုက်တယ်”ဟု freedom fighterစစ်ကြောင်းမှ ဒုတပ်ရင်းမှူးဟယ်ရီမှ ပြောသည်။

ထိုင်းအစိုးရဘက်မှလည်း ဖမ်းဆီးထားသည့် သူများကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ သတင်းဌာနအချို့မှ ရေးသားထားသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ဒုတပ်ရင်းမှူးဟယ်ရီကို ဖမ်းဆီးရန်ဝရမ်းထုတ်ထားကြောင်းကို မသိရှိသေးကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s