သာကေတတွင် သူခိုးများသောင်းကျန်းနေ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲက ရပ်ကွက်တွေမှာ အခုနှစ်ဆန်းပိုင်းကစပြီး ပစ္စည်း ခိုးယူခံရမှုတွေ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလွယ်တကူ ခိုးယူလို့ရတဲ့ ရေမော်တာနဲ့ စက်ဘီးတွေ အများဆုံးခိုးယူခံနေရပြီး နေ့ရော ညပါ ခိုးယူခံနေရတယ်လို့ စက်ဘီးအခိုးခံလိုက်ရတဲ့ သာကေတ၊ ၅ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်အချိန်က အဲဒီလို ခိုးယူခံရတဲ့ ဖြစ်စဉ်တွေ သိပ်ကြားရလေ့မရှိဘဲ အာဏာသိမ်းပြီး တနှစ်ကျော်ကနေစပြီး ခိုးယူခံရတဲ့ဖြစ်စဉ်တွေ နေ့တိုင်းနီးပါး ကြားနေရကာ ခိုးယူတဲ့သူတွေကိုလည်း ဖမ်းဆီးမိတာမျိုးမရှိဘဲ ရပ်ကွက်တာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း အခိုးခံရတာတွေ ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရပ်ကွက်တာဝန်ရှိသူရဲ့ စက်ဘီးကအစ ခိုးခံနေရတာကြောင့် တာဝန်ရှိသူအနေနဲ့လည်း ခိုးခံရတဲ့အပေါ် ဘာမှမတတ်နိုင်ဘူးလို့ ၃ ရပ်ကွက် အုပ် ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှု ပြဿနာအပြင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အခြေခံပြည်သူတွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းလာပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်းကလည်း မြင့်တက်လာပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက နေရာအသီးသီးမှာလည်း ခိုးမှုနဲ့ လုယက်မှုတွေ အရင်ကထက် ပိုမိုဖြစ်ပွားလာတာကိုလည်း ဒေသတွင်း သတင်းမီဒီယာတွေမှာ အရင်ကထက်ပိုပြီး တွေ့မြင်နေရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s