ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကော့သောင်းမြို့ ခမရ ၃၄၂ တပ်ရင်းကို ဈေးဝယ်ပြီး ပြန်သည့် ပျူစောထီး ခေါင်းဆောင် ကျော်မိုးခိုင်ကို ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ သေနတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ကျော်မိုးခိုင်ကို ပစ္စတို သေနတ်နဲ့ ၆ ချက် ပစ်ပြီးတဲ့အပြင် ဓားနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ သေတယ်လို့တော့ သိရတယ်။ သူက စစ်တပ် တွေထဲမှာနေတာ ခမရ ၃၄၂ တပ်ကို စျေးသွားဝယ်ပြီး ပြန်အလာမှာ ရှင်းခဲ့တာ” ဟု ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s