ဆားလင်းကြီးမြို့ ကိုင်းရွာ ဇရပ်ကုန်းတွင် ယာယီတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ ကိုင်းရွာ ဇရပ်ကုန်း အနီးတွင် ယာယီတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၅ ရက် ညနေ ၆ နာရီခွဲအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Chindwin Toe Na Yar တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများဘက်မှ အထိအခိုက် ဒဏ်ရာရသူများ ရှိနိုင်ပြီး အသေးစိတ်မသိရှိရသေးကြောင်း Chindwin Toe Na Yar တပ်ဖွဲ့ ခေါင်းဆောင် ကိုမြက ပြောသည်။

“ တိုက်ပွဲမှာ လက်နက်ငယ်တွေနဲ့ အတူ ၆၀မမ ၊ ၈၀ မမ မျိုး လက်နက်ကြီးတွေ တော်တော်များများသုံးပြီး တိုက်ခဲ့တာ ဖြစ်တယ် ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ကြာချိန် တစ်နာရီလောက် ဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီတပ်သားတွေ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ် မသိရှိရသေးကြောင်း” ၎င်း က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ယင်းမာပင် ခရိုင်တပ်ရင်း အမှတ်(၂၉) ၊ ဘာမထီ ၊ မြွေဆိုး ၊ Real Hero ၊ သမန်ကျား ၊ Triple Two တပ်ဖွဲ့ နှင့် ယင်းမာပင် ခရိုင်တပ်ရင်း အမှတ်(၂၀)တို့ ပူးပေါင်း၍ တိုက်ခိုက် ခဲ့ကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင် ကျေးရွာအနီးတွင် လွန်ခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s