ညောင်လေးပင်ခရိုင်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁၅,၀၀၀ နီးပါးထွက်ပြေးနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ၁၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မတ်လ ၁၂ ရက်နေ့မှစ၍ ရွှေကျင်မြို့နယ်ရှိ စက်စုကျေးရွာ၊ သက္ကယ်ကုန်းကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာနှင့် သိုက်တူးကုန်းကျေးရွာများ၏ အနီးတစ်ဝိုက်တွင် တပ်မ (၇၇) လက်အောက်ခံတပ်များနှင့် KNU တပ်မဟာ (၃)နယ်မြေမှ KNLA တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

” တိုက်ပွဲက ဒီနေ့ထိ ဖြစ်နေတုန်းပဲဗျ။ လက်နက်အကြီးတွေရော အငယ်တွေရော အစုံပဲ။ တအုံးအုံးနဲ့ ကြားနေရတာ။ အရှေ့အနောက်တောင်မြောက် အဖက်ဖက်ကနေကို ကြားနေရတာ၊ ကျောက်ကြီးဘက်မှာရော ရွှေကျင်ပတ်ပတ်လည်ရောပဲ” ဟု ဒေသတွင်းရှိ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ညောင်လေးပင်မြို့နယ်၊ ကွင်းဒလက်လေးကျေးရွာ၊ ခင်ကန့်လန့်ရွာ နှင့်ရွှေကျင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အထိုင်ချနေသော စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီမှ ပစ်လိုက်သော လက်နက်ကြီးကျည်များသည် ရွှေကျင်မြို့နယ် အင်္ဂနီကျေးရွာ၊ ဘောကထာကျေးရွာ၊ အင်းဗလာရွာ၊ ပြင်ရေ (ပျဉ်ရေ)ကျေးရွာ၊ စက်စုကျေးရွာ၊ သက္ကယ်ကုန်းကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ ရွာမကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာနှင့် သိုက်တူးကုန်းကျေးရွာ၊ ဟင်္သာဝဲကျွန်းကြီးကျေးရွာများနှင့် အနီးအနားရှိ ကျေးရွာများအတွင်း ကျရောက်ပြီး ထိုကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” သူတို့က ရမ်းသန်းပစ်တာ။ ကိုယ့်အပေါ်မကျဘူးလို့ မပြောနိုင်ဘူးလေ။ ပြေးတာအကောင်းဆုံးပဲ” ဟု စစ်ရှောင်နေသော ရွှေကျင်မြို့နယ်ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ထို့အပြင် လက်နက်ကြီးကျည်ထိ၍ သိုက်တူးကုန်းကျေးရွာမှ ဒေသခံနှစ်ဦး၊ ဝိုင်းကျေးရွာမှ ပြည်သူတစ်ဦး၊ ကွင်းဒလက်လေးရွာမှ ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ပြီး ညောင်ပင်ကြီးကျေးရွာမှ ဈေးဆိုင်တစ်ချို့ မီးရှို့ဖျက်ဆီးခံရကာ ဒေသခံများ၏ နေအိမ်အရှေ့တွင် ရပ်ထားသော ဆိုင်ကယ် ခြောက်စီးခန့် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

” အခုထိ ရှောင်နေကြရတုန်းပဲ။ နေရာကအနှံ့ပဲဗျ၊ အုပ်စုလိုက် အုပ်စုလိုက်တွေ ရှောင်ကြတာ။ ခက်ခဲတာကတော့ အစုံပဲ။ စားစရာအပြည့်အဝ မပါကြဘူးဗျာ။ ပြီးတော့ နေမကောင်းတဲ့သူတွေ လည်းပါတယ်။ သက်ကြီးရွယ်အိုတွေရောပဲ ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မတ်လ ၁၁ ရက်တွင်လည်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ် ခတ်မှုကြောင့် စာသင်ကျောင်းအတွင်း စာသင်နေသော ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့အပြင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့၍ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အတွင်းရှိ ရေလဲအရှေ့ဘက်ကမ်းကျေးရွာ၊ ရေလဲအနောက်ဘက်ကမ်းကျေးရွာ၊ သင်္ကန်းပင်ကျေးရွာ၊ လူအကျေးရွာ၊ သရက်ကျေးရွာနှင့် စစ်တောင်းမြစ်ကမ်းဘေးရှိကျေး ရွာများမှ သေခံပြည်သူ ၄,၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း သိရသည်။

KNU တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ၊ ညောင်လးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နှင့် ရွှေကျင်မြို့နယ်များတွင် ၂၀၂၃ ခုနှစ် မတ်လ အစေ ာပိုင်းမှ စ၍ တိုက်ပွဲများ တစ်ဖန်ပြန်လည် ပြင်းထန်လာခြင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် နီးစပ်ရာ တောအစပ်များတွင် နေထိုင်နေရပြီး အခြေခံ လိုအပ်ချက်များရှိနေကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s