ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်မီးရှို့၊ သက်ကြီးရွယ်အို ၃ ဦး ပိတ်မိသေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်သား‌တွေက စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို ဒီနေ့ ဝင်ရောင် မီးရှို့ခဲ့တာကြောင့် ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၃ ယောက် ပိတ်မိသေဆုံးသွားပါတယ်။

မုံရွာ-မန္တလေးအမြန်လမ်းပေါ် မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား‌တွေဟာ တိုက်ပွဲမရှိဘဲ ရွာထဲကိုလာပြီး မီးရှို့ဖျက်ဆီးတာလို့ ဒေသခံတွေက ပြေပါတယ်။

“သူတို့ အယောက် ၃၀ လောက်ရှိတယ်။ မနက် ၆ နာရီလောက်မှာ သေနတ်တွေဖောက်ပြီးဝင်လာတော့ အနားကရွာကလူတွေပါ ပြေးကြရတာပေါ့။ ရွာထဲရောက်တာနဲ့ မီးရှို့တော့တာပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ချိန်မှာ အိမ်မှာပဲကျန်ခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ယောက်နဲ့ အဘွားအို ၁ ယောက်တို့ ပိတ်မိပြီး သေ ဆုံးခဲ့ပါတယ်။

ရွာမှာလည်း ကား၊ ဆိုင်ကယ် စတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေနဲ့အတူ အိမ်‌ခြေ ၆၀ ကျော် မီးလောင်ပျက်စီးသွားပါတယ်။

“အိမ်‌စာရင်းကတော့ အတိအကျမသိရသေးပါဘူး။ အခုထိလည်း မီးကမငြိမ်းသေးဘူး။ လေက ကြမ်းလာနေပြီ” လို့ ဒေသခံတယောက်က အခု ည ၉ နာရီကျော်အချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။

ထနောင်းတောတောင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နေ့လယ်ပိုင်းမှာ တောပုမြောက်ပိုင်းပျူကျေးရွာကတဆင့် ဆိုင်ကယ်တွေနဲ့ သူတို့အထိုင်ချတဲ့ စွမ်းရည်ထက်ဆီဆိုင်ကို ပြန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း စစ်ကောင်စီတပ်ဟာ ထနောင်းတောမြောက်ရွာနဲ့ တောင်ရွာက ပြည်သူတွေရဲ့နေအိမ်တချို့ကို မီးရှို့ဖျက် ဆီးခဲ့ပါသေးတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s