ပခုက္ကူမြို့အဝင်ရှိ ကျောက်လှေခါး စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်ရှိ ကျောက်လှေခါး အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးကြောင်း ဂဠုန်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၅ နာရီခန့်က ပခုက္ကူမြို့အဝင် GTC ကျောင်းအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကျောက်လှေခါး စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” နံနက် ၅ နာရီ လောက်ဝင်ပစ်တာ ကျောက်လှေခါး စစ်ခွေး စစ်ဆေးရေးဂိတ်ကို စစ်ခွေး ၃ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူ့ ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဂဠုန်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင်၊ ​ကျေးလက် ဒေသ ပြောက်ကျားတပ်ဖွဲ့ MRGF၊ မြင်းခြံ ခရိုင် တပ်ရင်း ၁ ၊ နဂါးနီတပ်ပေါင်းစု တပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s