ဘုတလင်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်အတွင်း တာဝန်ဖြင့်ခရီးသွားနေသော ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး ကျဆုံးခဲ့ရကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်သည်။

CNDF တပ်ဖွဲ့ဝင်ဆလိုင်းဟာခွီအွမ် (ခ) ဇာနည်အောင်(၂၀နှစ်)နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန် (၂၁နှစ်) တို့သည် မတ်လ (၁၅) ရက်နေ့က ဘုတလင်မြို့နယ်အတွင်း အမျိုးသားရေးနှင့်တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရခြင်းဟု

ယမန်နေ့ မတ်လ ၁၅ရက်တွင် CNDF က သတင်းထုတ်ပြန်သည်။

“သူတို့က ဈေးတခုမှာ နားနေချိန် စစ်ကောင်စီတပ်တွေက ဈေးကို ဝိုင်းပြီးမှ တခါထဲ လာပစ်သတ်သွားတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကိုပြောသည်။

ဆလိုင်းဟာခွီအွမ်နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်အပါအဝင် ရဲဘော်သုံးဦးသည် တာဝန်ဖြင့် ခရီးသွားခဲ့ခြင်းဖြစ်ပြီး အခင်းမဖြစ်ပွားမီ ရဲဘော်တဦးမှာ အခြားကိစ္စဖြင့် ထွက်သွားချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားတော်လှန်ရေးအတွက် ၎င်းတို့၏ ပေးဆပ်မှုအပေါ် လေးစားဂါရဝပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု CNDF၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ရဲဘော်တို့ဟာ မသေခြင်းတရားနဲ့ သေသွားကြတယ်။ ရဲဘော်တို့ဟာ ရင်ဘတ်ခြင်း အနီးဆုံးသူတွေ ဖြစ်တယ်။ ရဲဘော်တို့ ငါတို့ မျက်ရည်စီးတဲ့ အထဲမှာ မင်းတို့ သွေးတွေကို အမှတ်ရနေမယ်။ ရဲဘော်တို့ ခန္ဓာသွေးကြော လည်ပတ်နေသမျှ မင်းတို့ ငါတို့နဲ့ အတူရှိနေပါ။ အာဇာနည် သေရိုးမရှိ” ဟု ကျဆုံးသွားသောရဲဘော်နှစ်ဦးအတွက် ကဗျာတပုဒ်ကို CNDF၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးကို မီးသင်္ဂြိုလ်ခဲ့ပြီး အရိုးပြာကို မိခင်တပ်ရင်းသို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ကြောင်းသိရသည်။၎င်းတို့၏ ပေးဆပ်မှုများနှင့် ယုံကြည်ချက်များကို ဘယ်သောအခါမှ မမေ့မလျော့ပဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင်တော်လှန်ပြီး အဆုံးထိတိုက်ပွဲဝင်သွားမည်ဟု ကျဆုံးအာဇာနည်ရဲဘော်များ၏ အမည်ကို တိုင်တည်သစ္စာပြုအပ်ကြောင်း CNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s