မတူပီ – ပလက်ဝလမ်းပေါ်တွင် စစ်ကောင်စီတပ် မိုင်းထိပြီး ၁၀ ဦး သေဆုံး

ချင်းပြည်နယ် ၊ မတူပီ- ပလက်ဝ လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မတူပီ – ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့ တပ်စခန်းမှ ထွက်လာသော အင်အား ၈၀ ကျော်ရှိ စစ်ကောင်စီတပ်သားများသည် ဝလံပီနှင့် ကလားကြား(ကလောင်စိုင်း) တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တစ်နာရီခန့်ကြာ ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကာ မျက်မြင်တွေ့ရှိချက်နှင့် ဒရုန်းထောက်လှမ်းမှုအပေါ် မူတည်ပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုကို အတည်ပြုနိုင်ခြင်းဟု CDF – မတူပီ က မဇ္ဈိမကို ပြောသည်။

“သူတို့ လာမယ့်လမ်းကြောင်းကိုလည်း သိထားပြီးသားဆိုတော့ အရင်ဆုံး မိုင်းပဒေသာ ခင်းတယ် ၊ မိုင်းဆွဲယုံတင်မဟုတ်ဘဲ တစ်နာရီ ကြာအောင်ပစ်ခတ်မှု ဖြစ်ခဲ့တယ် ၊ မျက်မြင်တွေ့ရှိချက်နဲ့ ဒရုန်းနဲ့ထောက်လှမ်းမှုတွေအပေါ်မူတည်ပြီး သေဆုံးမှုကို အတည်ပြုခဲ့ တာဖြစ်တယ်” ဟု CDF – Matupi သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် တပ်အပြောင်းအရွှေ့များ ပြုလုပ်နေပြီး မတူပီမှ ရေဇွာ ၊ ရေဇွာမှ လိုင်လင်းပီ ၊ လိုင်လင်းပီမှ ထယ်ဘွေ့ ၊ ထယ်ဘွေ့မှ ယခု မတူပီဘက်သို့ တပ်များ ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း CDF- မတူပီက ပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်များ ထွက်ခွာလာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် မတူပီ – ပလက်ဝလမ်းနှင့် မတူပီ – ဘွေရားလမ်းများကို မိမိတို့ခွင့်ပြုချက်ရမှ အသုံးပြုကြန်ရန် မတ်လ ၁၅ ရက်နေ့တွင် CDF – Matupi က ထုတ်ပြန် အသိပေးထားသည်။

ထို့အပြင် ကားအစီးရေ ၈၀ ခန့်ပါဝင်သော စစ်ကောင်စီတပ်သည် ပခုက္ကူမှ ချင်းတောင်တန်းဘက်သို့ ယခုရက်ပိုင်းအတွင်း ထွက်ခွာလာနေသည့် အတွက် မတူပီ – မင်းတပ်လမ်းကိုလည်း အသုံးမပြုကြရန် သတိပေးထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း၏ လုံခြုံရေးအတွက် မင်းတပ်မြို့ အခြေစိုက် ခလရ (၂၇၄)ကလည်း မတူပီ – မင်းတပ်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s