မုံရွာမြို့ပေါ် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကို လက်နက် ကြီးအလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာန ချုပ် (နမခ) တပ်အတွင်း သို့ လက်နက်ကြီး အလုံး ၅၀ ကျော် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ခရိုင်ရုံးအဆောက်အဦး ထိခိုက်ပျက်စီးပြီး စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ် ရေး တပ်မတော်(Chindwin Attack Force) တပ်ရင်းများ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်အချိန် အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တပ် အတွင်းသို့ လက်နက် ကြီးများဖြင့် အလုံး ၅၀ ကျော်ကို အချိန် ၄၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၆ ဦးသေဆုံးပြီး ခရိုင်ရုံးအဆောက် အအုံထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ် တပ်မှ လက် နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

“၆ ကောင်သေတယ်၊ ခရိုင်ရုံးက အဆောင်ပေါ်ကျတယ်၊ ခရိုင်ရုံးကို ထိတာပေါ့၊ လက်နက်ကြီးနဲ့ အလုံး ၅၀ ကျော်ပစ်ခဲ့တာ၊ သူတို့ကောင်း ကောင်းမအိပ်ရဘူးဆိုပြီး ဆဲနေတယ်လို့ ကြားတယ်၊ ပြည်သူတွေမှာ နေပူပူမိုးရွာရွာ ပြေးနေရတဲ့အချိန် စကစ မိသားစုတွေက သာယာနေတယ်၊ ကိုယ်ချင်းစာတရားဖြစ် အောင် စကစနဲ့ ပတ်သက်တာမှန်သမျှ တိုက်ပွဲဖော်ဆောင်နေမှာပါ” ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်းများ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာရိုင်ပြည်သူ့ကာကွယ်ရေးတပ်မ တော်(Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ခွဲ ၄ (Fight For People- FFP PDF) ၊ တပ်ရင်း ၃ တပ်ခွဲ ၃ (ဂဠုန်နက် PDF) တပ်ခွဲ ၄ ၊ တပ်ရင်း ၄ တပ်ခွဲ ၂(ခွေးသတ်မုဆိုး PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင် (LPDF) နှင့် 9-One People’s Defence Force PDF အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်အတွင်းမှ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင် များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s