မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထက်အောင် ဆက် ကြေးတောင်းမှုများ၊ ကျွဲနွား မှောင်ခိုမှုများ ကျူးလွန်ပြီး လူမှုရေးဖောက်ပြန် ခြိမ်းခြောက် အနိုင်ကျင့်

အနောက်​တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူး ကြီး ထက်အောင်သည် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ချိန်မှစတင်ပြီး လာဘ်ပေးလာဘ်ယူမှုများ၊ လူမှုရေးဖောက်ပြန်မှုများ၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများ ကျူးလွန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ စာပေးပို့ကြသည်။

မြောင်းမြခရိုင်အတွင်း ဖွင့်လှစ်ထားသော လုပ်ငန်းများအနက်မှ KTV ဆိုင်များအားလုံးကို တစ်လလျှင် ငွေကျပ် ၁၀ သိန်းစီ ပေးသွင်းရန် ဆင့်ခေါ် တောင်းဆိုခဲ့ပြီး ညှိနှိုင်းမှုများအရ လစဉ်ကြေး ၅ သိန်း ပေးဆောင်ရကြောင်း သိရှိရသည်။

ဦးထွန်းထွန်းဦးဆိုသော သူနှင့်ပူးပေါင်းပြီး ကျွဲနွားမှောင်ခိုတင်ပို့သူများထံမှ ဒီဇင်ဘာလ ၁၆ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် လစဉ်ငွေ ၈ သိန်း တောင်းခံကာ ကျွဲနွားမှောင်ခိုမှုများ ကျူးလွန်ကြောင်း၊ နွားမှောင်ခိုလုပ်သူများက တစ်လလျှင် ၂ ကြိမ်ခန့် မြောင်းမြမှ နွားမှောင်ခိုလုပ်ပြီး မှောင်ခိုတစ်ခေါက်လျှင်အကောင်ရေ ၅၀ မှ ၁၀၀ အထိ ထွက်နေကြောင်း၊ နွားမှောင်ခိုလုပ်သူများထံမှ လစဉ်ကြေးအပြင် မှောင်ခိုထွက်ချိန်တွင်လည်း ငွေကြေး ရယူကြောင်း သိရှိရသည်။

မြောင်းမြခရိုင်အတွင်းရှိ သစ်စက် ၉၀ ကျော်ရှိ လစဉ်ကြေး သွင်းခိုင်းပြီး လစဉ်ကြေး မပေးလျှင် သစ်မှောင်ခိုမှုများဖြင့် ဖမ်းဆီး တရားစွဲ အ ရေးယူမည်ဟု ခြိမ်းခြောက်ကြောင်း၊ လောင်စာတောင့် စက်ရုံများကလည်း ဆက်ကြေးအဖြစ် လစဉ် ငွေသိန်း၅၀ ပေးသွင်းရကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း လောင်းကစားဝိုင်းများ အားလုံးအတွက် ဆက်ကြေးအဖြစ် သိန်း၁၀၀ ပေးပြီး လုပ်ခွင့်ရနေသောကြောင့် လောင်း ကစားဝိုင်းများ ကြီးစိုးလျက်ရှိကြောင်း သိရှိရသည်။

ဒုတိယဗိုလ်မှူးကြီး ထက်အောင် ငွေပိုင်ဆိုင်မှုများစွာအပြင် ပုသိမ်မြို့တွင်လည်း မြေကွက်များ ဝယ်ယူစုဆောင်းခြင်း၊ သိန်းထောင်ကျော်တန် ကားများလည်း ပိုင်ဆိုင်ကြောင်း သိရှိရသည်။

လူမှုရေးဖောက်ပြန်မှုအနေဖြင့် ခင်ပွန်းရှိသော အမျိုးသမီးကို အလိုမတူဘဲ ခြိမ်းခြောက်ပေါင်းသင်းမှုရှိပြီး ယင်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာလည်း ကျန်းမာရေးမကောင်း၍ လေဖြတ်နေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်မှုများဖြင့် အလိုမတူဘဲ ပေါင်းသင်းကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s