ရေဦး၊ ဖလံဂုဏ်ရွာမှ လူငယ်နှင့် ပြည်သူ ၆ ဦးကို စစ်တပ်က ပစ်သတ်ပြီး လူငယ် ၁၅ ဦးကို ဖမ်းဆီးသွားမှု သတင်းအစအနမရ​တော့ဘဲ ​ဖမ်းဆီးခံလူငယ်များ ​ပျောက်ဆုံး​နေ

စစ်ကိုင်းတိုင်း၊ ရေဦးဦးမြို့နယ်၊ ဖလံဂုဏ်ရွာမှ ပြည်သူနှင့် လူငယ် ၆ ဦးကို စစ် တပ်က ပစ်သတ်ပြီး လူ ငယ် ၁၅ ဦးကို ဖမ်းဆီးသွားခဲ့ရာ ၁၂ ရက်ကြာသည်အထိ သတင်း အစအနမရ​တော့ဘဲ ​ဖမ်းဆီးခံလူငယ်များ ​ပျောက်ဆုံး​နေ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံ သို့ ပြောကြားသည်။

မတ်လ ၄ ရက်နေ့ ရေဦးမြို့မှ စစ်ကားကြီး ၂ စီးဖြင့် ထွက်လာသော စစ်​ကြောင်းက သံသည်ကျေးရွာမှ တဆင့် ဖလံဂုဏ်ကျေး ရွာသို့ ဝင်​ရောက်စီးနင်းခဲ့​ကြောင်း၊ ကျေးရွာလုံခြုံရေးစောင့်ပေးနေသူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကို ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ​ကျေးရွာသား ၁ ဦးမှာလည်း စစ်တပ်က ပစ်ခတ်မှု​ကြောင့် ​​သေဆုံးခဲ့​ကြောင်း၊ ရွာသူ၊ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ယင်း​နောက် မတ်လ ၄ ရက်​နေ့တွင်ပင် စစ်တပ်က ​ကျေး ရွာမှ လူငယ် ၁၅ ဦးကို ဖမ်းဆီးခဲ့​ကြောင်း၊ ဖမ်းဆီးထားသူများကို စစ်​ကြောင်း နှင့်အတူ ​ခေါ်​ဆောင်သွားခဲ့​ကြောင်း သိရှိရသည်။

“အဲဒီနေ့က စစ်ခွေး တွေဝင်တော့ ရွာထဲကနေ အားလုံး ထွက် ပြေးကြတာ၊ ပြေးရင်းနဲ့ စစ်ခွေးက ပစ်လို့ သေတဲ့ လူတစ်ယောက်ရှိတယ်၊ ပြည်သူထဲက ရွာသားထဲကပေါ့၊ စာသင်ကျောင်းမှာ ပစ်တာမျိုးမဟုတ်ဘူး၊ စာသင်​​ကျောင်းမှာက ရွာလုံခြုံ​ရေး လူငယ် ၅ ဦးအသတ်ခံရတယ်။ ​နောက်ထပ် ​သေတဲ့သူက ရွာထဲကို စစ်ခွေးဝင်လာတော့ ဆိုင်ကယ်နဲ့ ရွာအပြင်ကို ပြေးရင်း အဲဒါကို အပစ်ခံရတာ၊ ပစ်ခံလိုက်ရပြီး အဲဒီလူက ဒဏ်ရာရပြီး ၃ ရက်မြောက်နေ့မှာ သေသွားတယ်၊ နာမည်က ကိုသိန်းဦး၊ အသက်က ၄၀ ဝန်း ကျင် လောက်ရှိမယ်။ နောက်ပြီးတော့ စစ်ခွေးတွေဖမ်းသွားတာ ယောက်ျားလေးတွေ အရွယ် ကောင်းတွေ ချည်းပဲ၊ ၁၅ ယောက်ရှိတယ်၊ အခုထိဘာမှ အဆက်အသွယ်မရဘူး၊ ဘယ်ရောက်‌ နေမှန်းလဲမသိဘူး။ တော်တော် စိတ်ပူနေရတယ်၊ ဓားစာခံသဘောမျိုးဖမ်းသွားတာပါ၊ ယောက်ျားလေး ၁၅ ယောက်ပါသွား တာ၊ မိန်းကလေးတွေတော့ ပါမသွားဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

စစ်တပ်၏ ဖမ်းဆီးမှု ခံရသူများမှာ ကိုစိုးထွန်း၊ ကိုမောင်နိုင်၊ ကိုကျော်ဆွေ၊ ကိုကျော်သူနှင့် ၎င်း၏ ညီ၊ ကိုဖိုးထိုက် တို့အပါအဝင် လူငယ် ၁၅ ဦးဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပုလဲမြို့ပေါ် ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီတွင် လက် နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ပုလဲမြို့နယ် အလယ်ဘုံရွာရှိ ပြည်သူ ၄ ဦးမှာ လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကာ ၂ ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးကုသမှု ခံယူနေရကြောင်း Pale Entertainment က သတင်းဖော်ပြသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် မျက်မမြင်အဘွား၏ အိမ် ၁ လုံးနှင့် ရေတွင်း အမိုးအဆောင် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသသတင်းရင်းမြစ် Pale Entertainment က သတင်းဖော်ပြသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s