ကျိုက်ထိုမြို့နယ်၌ စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုသာန်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  ကေအန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

မတ် ၁၆ ရက် မနေ့ညနေ ၄ နာရီခွဲအချိန်လောက်က လက်ပံပင်သုသာန်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၃ လုံး ချပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

အဲဒီတိုက်ခိုက်မှုပြီးနောက် သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဝက်ဝံတောင် ဝန်းကျင်ကို လက်နက်ကြီး ၆၀ မမ ၃ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီနေ့ ည ၈ နာရီလောက်မှာလည်း ကျိုက်ထိုမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၂၀၇ နဲ့ အမှတ် ၃၁၀ အမြောက်တပ်ကလည်း ဇီးပြောင်းကျေးရွာထဲ လက်နက်ကြီး ၈ ချက်ထက်မနည်း ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဇီးပြောင်းကျေးရွာ ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ခြံ လုပ်သား တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

မတ် ၈ ရက်နေ့ကလည်း  ကေအန်ယူ တပ်မဟာ(၁) နယ်မြေ သထုံခရိုင် ကျုံမိန်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၂၄ တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s