ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ပြန်လာသည့် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ နတ်ကြီးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ပြန်လာသည့် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Myaung Special People Defence Force ထံမှ သိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ် နတ်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်​တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မွှေနှောက်ကာ ပြည်သူပိုင်ပစ္စည်းများကို သယ်ယူပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် နတ်ကြီးရွာမှ ကား ၂ စီး၊ ဆိုင်ကယ်​ ၆ စီးဖြင့် ထွက်ခွာလာစဥ် နတ်ကြီးရွာ အရှေ့ဘက် အရောက်တွင် ဒေသကာ ကွယ်ရေး တပ်ဖွဲ့များက မိုင်း ၄ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား ၁ စီးနှင့် ဆိုင်ကယ် ၃ စီးထိမှန်ခဲ့ပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄ – MSPDF၊ ပြည်သူ့အင်အား (ငါန်းဇွန်)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆) -Special Task Force Ngazun၊ ခုနှစ်စင်ကြယ် (ချောင်းဦး)နှင့် ဇာမဏီပြောက်ကျားတပ် (ငါန်းဇွန်)တို့မှပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s