ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူ ထောင်ရေး တိုင်းရင်းသားများ၏ အင်အား နှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု FPN CC က ကြေညာ

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု ထူထောင်ရေး အယူအဆကို အကောင်အထည်ဖော်ရန်အတွက် နောက် ဆုံးတွင် လူနည်းစု တိုင်းရင်းသားများ၏ အင် အားနှင့် အစွမ်းအစ များကို သာ အားကိုးရမည်ဟု မြောက်မဟာမိတ်တပ်ဖွဲ့ (FPNCC) က တရားဝင် ထုတ် ပြန် ကြေညာသည်။

မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၂ ရက်တာ “၀” ပြည်နယ်၊ ပန်ခမ်းမြို့ တွင် FPNCC ၏ လုပ်ငန်း အစည်းအဝေးကို ကျင်းပခဲ့ပြီး ၀ ပြည်သွေးစည်း ညီညွတ် ရေးတပ်ဖွဲ့(UWSA)၊ ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ ရခိုင်တပ်တော်AA နှင့် ပလောင်တပ်ဖွဲ့TNLA တို့တက်ရောက်ခဲ့ ကြ သည်။

FPNCC ၏ ကြေညာချက်တွင် အချက် ၇ ချက်ပါဝင်ပြီး တရုတ်နိုင်ငံ၏ အခန်း ကဏ္ဍကို ကြိုဆိုကာ မြန် မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူ ထောင်ရေး အကောင်အထည်ဖော်ရန် လူနည်းစု တိုင်းရင်းသားများ၏ အင် အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု တရားဝင် ကြေညာသည်။

“မြန်မာပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်း သားလူမျိုးများ အနေ ဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆ ပါသည်။ ၎င်းအယူအဆကို အကောင် အထည်ဖော်ရန် နည်းလမ်းမျိုးစုံ ရှိနေ သော် လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ပါသည်” ဟု FPNCC က ကြေညာ ထားသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိ ပက္ခ များ ကို ပြေလည် ချုပ် ငြိမ်းရေးအတွက် ကြားဝင် ဆောင် ရွက်မှု အပေါ် ကြိုဆို ထောက်ခံကြောင်း ဖော်ပြထားသည်။

ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက FPNCC ၏ ကြေညာချက်သည် ထူးခြား သော ကြေညာချက်ဖြစ်ကြောင်း သုံးသပ်သည်။

“တရုတ်ဖိအားကြောင့်လုပ်ရတဲ့ ဆွေးနွေးပွဲ ပေမယ့်လည်း စစ်ကောင်စီကို နာမည် တောင် ထုတ်မပြောဘူး။ အသိအမှတ်မပြုဘူး၊ ဆွေးနွေးမယ်မပြောဘူး။ တရုတ်ကိုတော့ မလွန်ဆန်နိုင်တော့ တရုတ်ကြိုးပမ်းချက် ကြိုဆိုတယ်လို့ ပြော တယ်။ အခု တကယ်ဖြစ်နေတာက စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ စကားလည်း နားမထောင်ဘူး။ ရုရှားကို ပြေးကပ်နေတယ်။ အဲဒီတော့ ကြေညာချက်ကို ခြုံငုံ ကြည့်ရင် စစ်တိုက်မယ်ဆိုတာ မြင်သာထင်သာမြင်ရတယ်။ နံပါတ် ၄ အချက်က တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ သွားမယ့် လမ်းစဉ်ပဲ။ အင်အားနဲ့ အစွမ်းအစ ဆိုတာ စစ်အင်အား စစ်တိုက်နိုင်စွမ်းကပဲ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင် နိုင်မယ်လို့ အတိအလင်းကြေညာတာပါ” ဟု ပြည် တွင်းနိုင်ငံရေး သမားတစ်ဦးက သုံးသပ်ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s