စိတ်ဝေဒနာရှင်အမျိုးသမီးငယ်ကို အကြိမ် ကြိမ်အဓမ္မပြုကျင့်ခဲ့သူ ခလရ(၁)မှ တပ်သားကို အမှုဖွင့်ခွင့်မရ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် လတ်ဆက်ကျေးရွာအုပ်စု စိန်ကန့်လန့်ကျေးရွာ ရေစက်တန်းလမ်းနေ အငြိမ်းစားဗိုလ် ကြီး၏ သမီးဖြစ်သူ အသက်၂၁အရွယ် စိတ်ဝေဒနာခံစားနေရသူကို ခလရ(၁)မှ အသက် ၅၅နှစ်အရွယ် တပ်သားထွန်းနိုင်ဆိုသူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဓမ္မပြုကျင့်သူ တပ်သားထွန်းနိုင်ကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သော်လည်း တပ်အချုပ်တွင်သာ ထည့်ထားပြီး ရဲစခန်းတွင်အမှုဖွင့်ခွင့် မရကြောင်းသိရသည်။

ဖြစ်စဉ်မှာ နစ်နာသူအမျိုးသမီးငယ်၏ မိခင်သည် ဖျာပုံမြို့သို့ ခရီးသွားရန်အတွက် သမီးဖြစ်သူကို အသိမိတ်ဆွေများနှင့် အပ်နှံခဲ့ကြောင်း သိရသည်။ မတ်လ ၅ ရက်နေ့ နေ့လယ်၂ နာရီအချိန်တွင် ကျူးလွန်သူ တပ်သားထွန်းနိုင်မှ အိမ်သို့ အဝင်အထွက်ထူးနေသဖြင့် အိမ်နီးခြင်းဖြစ်သူ ခမ ရ(၆) တပ်ကြပ်ကြီး၏ ဇနီးဖြစ်သူမှ အိမ်ထဲသို့ ဝင်ကြည့်ရာ နစ်နာသူ အမျိုးသမီးငယ်ကို တပ်သားထွန်းနိုင်မှ ကုတင်ပေါ်တွင် အဓမ္မပြုကျင့်နေကြောင်း တွေ့ရှိရပြီး ပြည်သူများမှ ဝိုင်းဖမ်းကာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် တပ်အချုပ်ထဲတွင် ချုပ်ထားခဲ့ကြောင်းသိရသည်။

“ကောင်မလေးကိုမေးကြည့်တော့ ထွန်းနိုင်က ၄ ရက်နေ့မှာ တစ်ကြိမ်၊ ၅ရက်နေ့ နံနက်ပိုင်းမှာ တစ်ကြိမ်၊ အခုဖမ်းမိတာနဲ့ဆို သုံးကြိမ်ပေါ့၊ အဓမ္မပြုကျင့်တာတဲ့ ငြိမ်ငြိမ်နေမအော်နဲ့ အော်ရင်သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်တဲ့၊ ကလေးမလေးက ပြောပြီး ကြောက်လို့ငိုနေရှာတယ်”ဟု အမှုဖြစ်စဉ်ကို လိုက်ပါကူညီပေးနေသူတစ်ဦးမှပြောသည်။

အဓမ္မပြုကျင့်သူ ထွန်းနိုင်ကို တပ်အချုပ်တွင် တစ်လချထားကြောင်း စစ်ကောင်စီတပ်မှ လတ်ဆက်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖိအားပေးကာ နစ်နာသူမိန်းကလေးမိသားစုကို ကျေးအေးပေးဖို့ ပြောဆိုခိုင်းနေကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s