ညောင်ရွှေထောင်မှထွက်ပြေးသွားသူများကို စစ်ကောင်စီတပ် အသည်းအသန်လိုက်ရှာနေ၊ ထိုအကျဉ်းသားများအားအစွမ်းကုန်ကူညီစောင့်ရှောက်သွားမည်ဟု ချိုးဖြူတော်လှန် ရေးတပ်ဖွဲ့ ထုတ်ပြန်

ညောင်ရွှေမြို့နယ်အကျဉ်းထောင်မှ ထွက်ပြေးသွားသူများကို စစ်ကောင်စီတပ်က အသည်းအသန်လိုက်ရှာနေကြောင်း သတင်းရရှိပြီး လွတ် မြောက်လာသည့် အကျဉ်းသားများအနေဖြင့် ၎င်းတို့ထံ ဆက်သွယ်လာပါက အစွမ်းကုန်ကူညီစောင့်ရှောက်သွားမည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့က အရေးပေါ်ထုတ်ပြန်ကြေညာသည်။

မတ်လ ၁၄ရက်နေ့ မနက်ပိုင်းက ညောင်ရွှေအကျဥ်းထောင်မှ အကျဥ်းသား ၁၅ဦး ထွက်ပြေးရန်ကြိုးစားစဥ် စစ်ကောင်စီတက်က ပစ်ခတ်၍ အကျဥ်းသား တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရပြီး အကျဥ်းသား ၁၂ဦး လွတ်မြောက်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက မဇ္ဈိမကို ပြော သည်။

“ လွတ်မြောက်သွားတဲ့ အကျဥ်းသား ၁၂ဦးထဲက နှစ်ဦးကို ပြန်ဖမ်းမိတယ်လို့ကြားတယ်။ လက်ရှိညောင်ရွှေမြို့နယ်အတွင်းမှာတော့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေခြေရှုပ်နေကြတယ်။ လက်ခံသိမ်းဆည်းထားတဲ့သူတွေကိုလည်း အလွတ်မပေးဘူးလို့ စစ်တပ်နဲ့နီးစပ်သူ တစ်ဦးဆီကလည်းကြားတယ်” ဟု ညောင်ရွှေမြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

ညောင်ရွှေအကျဉ်းထောင်မှ လွတ်မြောက်လာသူများကို အစွမ်းကုန်ကူညီစောင့်ရှောက်သွားမည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့(Joe Phyu Revolution Force )က မတ်လ ၁၅ ရက်နေ့တွင် အရေးပေါ် ထုတ်ပြန်ထားသည်။

“လွတ်လာတဲ့သူတွေက ဆက်သွယ်လာရင် သေချာစုံစမ်းစိစစ်ပြီးကူမှာပါ။ မေးခွန်းတွေကတော့အများကြီးပေါ့။ ရှမ်းတောင်ကဆိုတော့ ကျွန် တော်တို့သေချာသိပါတယ်။ လွတ်လာတဲ့သူတွေ ကျွန်တော်တို့တပ်ဖွဲ့ရဲ့ Page ကနေ လာရောက်ဆက်သွယ်လို့ရပါတယ်လို့ ပြောချင်ပါတယ်” ဟု ချိုးဖြူတော် လှန်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

ဆက်သွယ်လာပါက ဘေးကင်းလုံခြုံစိတ်ချသည့်နေရာမှတစ်ဆင့် လွတ်မြောက်နယ်မြေသို့ ချိတ်ဆက်ပို့ဆောင်ပေးနိုင်သည့်အတွက်ကြောင့် အ ချိန်မရွေး လာရောက်ဆက်သွယ်နိုင်သည်ဟုဆိုသည်။

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့သည် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – S.S.L.R.U ၏ တပ်ခွဲတစ်ခုဖြစ်သည်။

“လွတ်မြောက်သွားတဲ့လူ ၁၀ ယောက်ရှိတယ်လို့သိရတယ်။ လူဦးရေအတိအကျတော့မသိရသေးဘူး။ အခြေအနေနည်းနည်း ငြိမ်သွားမှ ဘယ် နှစ်ယောက်လဲ ဘယ်သူတွေလဲဆိုတာ သိရမယ်” ဟု ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက အသိပေးသည်။

သေဆုံးသွားသူနှင့်ပြန်လည်ဖမ်းမိသူများသည် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူပြည်သူများနှင့်၊ နိုင်ငံရေးပြစ်မှုများဖြင့်ဖမ်းဆီးထိန်း သိမ်း ခံထားရသူများ ဖြစ်ကြောင်းလည်း သိရသည်။

“လက်ရှိလွတ်မြောက်သွားတဲ့ အကျဥ်းသားတွေအနေနဲ့လည်း မိသားစုဝင်တွေကို မဆက်သွယ်ဖို့လိုသလို မိသားစုဝင်တွေအနေနဲ့လည်း အ တတ်နိုင်ဆုံးရှောင်ထားနိုင်ရင် ပိုကောင်းတာပေါ့။ ထွက်ပြေးလွတ်မြောက်သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသားနဲ့ ဆန္ဒပြပြည်သူတွေလည်းပါဝင်တယ်လို့ကြားတဲ့အတွက် စိတ်မကောင်းပါဘူး” ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကဆိုသည်။

အဆိုပါအကျဉ်းထောင်မှ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်နေသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ မဇ္စျိမအနေဖြင့် အသေးစိတ်အ တည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထွက်ပြေးရန် ကြိုးစားသည့် အကျဉ်းသားများသည် CCTV ကြိုးများနှင့်ဆိုလာဓာတ်မီးတိုင်အားဖျက်ဆီးခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ခဲများဖြင့် အစောင့်ဝန်ထမ်းများအား ပစ်ပေါက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြကြောင်း အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်တွင် အကျဥ်းသား တစ်ဦးသေဆုံးကာ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးနှင့် အကျဉ်းသားနှစ်ဦး(စုစုပေါင်း လေးဦး) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် အကျဉ်းထောင်များအတွင်း လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP)နှင့် နိုင်ငံရေးအင်အားစုများ ကထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ ၁၆,၅၁၉ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၎င်းတို့အနက်မှ ၅,၀၈၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP က ယနေ့မတ်လ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s