နမ်းနိန်းကျေးရွာတွင် ပြည်သူများကို စစ်တပ်က မသေမချင်းနှိပ်စက်သတ်ဖြတ်ခဲ့ဟု အ လောင်းများကို စစ်ဆေးခဲ့သည့် ဆရာဝန်ပြော

ပင်လောင်းမြို့နယ်၊နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ပြည်သူများ၏ရုပ်အလောင်းများတွင် နှိပ်စက်ခံထားရပြီး မသေမချင်းပစ်သတ်ခံခဲ့ရသည့် အချက်အလက်များကိုတွေ့ရှိခဲ့ရကြောင်း အလောင်းများကို စစ်ဆေးခဲ့သည့် ကရင်နီပြည်ကျန်းမာရေးတာဝန်ခံဒေါက်တာရဲဇော်က ပြောသည်။

မတ်လ ၁၁ ရက်နေ့တွင် နမ်းနိန်းကျေးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သတ်၍ အ မျိုး သားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC တို့ ပူးပေါင်း၍ ယနေ့ မတ်လ ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာရဲဇော်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“သေဆုံးသွားတဲ့အလောင်းတွေမှာ ကျည်ဆံဒဏ်ရာဟာတချက်တည်းနဲ့၊ ဒဏ်ရာလေးတစ်ခုနဲ့ သေဆုံး သွားတယ်ဆိုတဲ့လူသေအလောင်းဟာ မရှိပါဘူးခင်ဗျ။ အားလုံးဟာ အနည်းဆုံးသုံးချက်၊ အများဆုံး ခြောက်ချက်လောက်နဲ့ အပစ်ခံ၊ အနှိပ်စက်ခံ၊ ရက်ရက်စက်စက်အစုလိုက် အပြုံ လိုက်သတ်ဖြတ်ခံရတဲ့ပုံစံမျိုးတွေပေါက်တဲ့ လက္ခဏာမျိုးတွေချည်းပဲ တွေ့ရှိခဲ့ပါတယ်” ဟုဒေါက်တာရဲဇော်ကပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို မောင်းပြန်အော်တိုသေနတ်များဖြင့် အနီး ကပ်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး မသတ်ဖြတ်ခင် ချွန်ထက်သည့် လက်နက်များဖြင့်ထိုးသွင်းထားခြင်း၊ တုံးသောအရာများဖြင့် ရိုက်နှက်ထားခြင်း စသည့် လက္ခဏာများတွေ့ ရှိခဲ့သည်ဟု ဆိုသည်။

“စစ်ဆေးတွေ့ရှိခဲ့တဲ့ဒဏ်ရာတွေမှာ သေနတ်ဒင်နဲ့ထုမယ်၊ တုံးတဲ့လက်နက်တွေနဲ့လုပ်မယ်၊ ဘက်နက်တွေ နဲ့ထိုးမယ်၊ ဓါးပါရင် ဓါးတွေနဲ့ထိုးမယ်၊ နောက်ပြီး တစ်ချို့ ကျွန်တော် မပြတဲ့ပုံတွေထဲမှာ ဆိုရင်ဆေးလိပ်မီးနဲ့ထိုးထားတဲ့ဒဏ်ရာတွေ၊ သတ္ထုပြားကို မီးကင်ပြီးတော့ အရေပြားကို မွှန်းထားတဲ့ ဒဏ်ရာမျိုးတွေ တွေ့ ရပါတယ်” ဟု ဒေါက်တာရဲဇော်က ရှင်းလင်း ပြောကြားသွားသည်။

နမ်းနိန်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာချိန်တွင် အခြားရွာသူရွာသားများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသော် လည်း ဘုန်းကြီးသုံးပါးနှင့် ပြည်သူ ၃၀ ဦးသည် ကျေးရွာကို စောင့်ရှောက်နိုင်ရေးအတွက် ဘုန်းကြီးကျောင်းတွင် ကျန်ရစ်ခဲ့ကြသည်ဟု သိရသည်။ ထိုကျန်ခဲ့သူများအနက် ဘုန်းကြီးသုံးပါးအပါအဝင် ၂၂ ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရပြီး ကျန် ၁၁ ဦးမှာ သတင်းအစန မရပဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။

နမ့်နိန်းရွာမှ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုသည် စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ထုတ်ပြန်ထားသည်။ထို့ပြင် ပအိုဝ်းနှင့် ကရင်နီ ပြည်သူများအကြား အမုန်းတရား ကြီးထွားလာစေရန် လုပ်ကြံဖန်တီးကာ လူမျိုးရေးပဋိပက္ခ နှင့် ဘာသာရေးပဋိပက္ခများ ဖြစ်စေရေး ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်သပ်လျှို ဖြိုခွဲနေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း PNFC ၏ ထုတ်ပြန်ချက်၌ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ မတ်လ (၁၃)ရက်နေ့ထိမြန်မာတနိုင်ငံလုံးအစုလိုက်အပြုံလိုက်သတ် ဖြတ်မှု(၆၄)ကြိမ်၊ သေဆုံးသူပေါင်း (၇၆၆)ဦးရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက မတ်လ ၁၅ရက်တွင် ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s