ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာရွာသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုး လာသော စစ်တပ်ကို ကရင်နီတော် လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးနိုင်ဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာအနောက်ဘက် တောင် ကြောသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို ကရင်နီတော် လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ကယား(ကရင်နီ) တော် လှန်ရေးတပ်ပေါင်းစု (KRU) မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့မတ်လ ၁၆ ရက်နေ့ နံနက် ၇ နာရီအချိန် နမ့်နိန်းကျေးရွာ အနောက် ဘက် တောင်ကြောပေါ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး၍ လူ သားဒိုင်း အသုံး ပြု ပြီး အင်အား ၂၀၀ ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ တပ်စွဲခဲ့ကြောင်း၊ စစ်တပ်စစ် ကြောင်းက ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး ရေ ခပ် ဆင်းလာစဉ် ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများနှင့် တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဒေသခံပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး ဝင်ရောက် တပ် စွဲထားတာ၊ အင်အား ၂၀၀ လောက်ရှိတယ်၊ ဒီနေ့က ပြည်သူတွေကို ရှေ့ကနေ လမ်းပြခိုင်းပြီး ရေ ခပ်ဆင်းလာတဲ့အချိန်မှာ ကျနော်တို့ နဲ့တွေ့ပြီး တိုက်ပွဲ ဖြစ် ခဲ့တာ၊ နေ့လယ်ပိုင်းလောက်အထိ တိုက်ပွဲ ကြာခဲ့တယ်၊ ကျနော်တို့ဘက်က ရဲဘော် ၅ ဦးက အထဲမှာ ဒဏ်ရာပိတ်မိလို့ ကယ်ထုတ်ခဲ့ရတယ်” ဟု ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် KNDF တပ်ရင်း ၁၁ ၊ PNDF (KK)၊ အ လယ်ပိုင်းတိုင်း တပ် ရင်း၈၀၄ ၊ တပ် ရင်း ၈၀၅ ၊ တပ်ရင်း ၁၁၀၂ ၊ စစ်တောင်း ပျောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး KRU တပ်ဖွဲ့မှ ၂ ဦး ၊ တပ်ရင်း ၈၀၄ တပ်ဖွဲ့မှ ၁ ဦး၊ တပ်ရင်း ၈၀၅ တပ်မှ ၁ ဦး၊ စစ်တောင်းပြောက်ကျား တပ်ဖွဲ့မှ ၁ ဦး စုစုပေါင်း ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ khit thit