ပေါက်နှင့်မြိုင် အစပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က Mi 35 ရဟတ် ယာဥ် ၁ စီးဖြင့် ပစ်ခတ်၊ PDF စခန်း ဝင်သိမ်းသော စစ် တပ် မိုင်းမိ၍ သေဆုံး ထိခိုက်မှုရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပေါက် မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

,ယနေ့ မတ်လ ၁၇ ရက်နေ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာ သည့် Mi 35 ရဟတ် ယာဥ် ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်းရှိ ကျောက်ခွက်ရေနံမြေ Well 2 နှင့် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်​​​မြို့နယ်မြောက်ပိုင်း ချိုင် ဇောက်အောက်စုရွာနှင့် သန်းတောအိုင့်ရွာ အကြားကို လှည့်ပတ် ပစ်ခတ်သွား​ကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းက မုံရွာ နမခ ကနေ နံနက် ၈ နာရီခွဲက တက်လာတဲ့ Mi 35 ၁ စီး က မြိုင်နယ် အနောက်တောင်ပိုင်းကျောက်ခွက်ရေနံမြေ Well 2 နဲ့ ပေါက်​​​မြို့ နယ် မြောက်ပိုင်း ချိုင်ဇောက်အောက်စုရွာနဲ့ သန်းတောအိုင့်ရွာ အကြားကို တိုက် ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လှည့်ပတ် ပစ်ခတ်သွားတယ်။ ထိခိုက်ဒဏ်ရာရရှိတာတော့ မသိရသေးဘူး။ အခု လက်ရှိ စစ်ခွေးတွေက စစ်ကြောင်းက ၄ ကြောင်း နဲ့ စစ်​ကြောင်း ထိုးဖို့လုပ်နေတယ်” ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ် လရောင် ကပြောဆိုသည်။

လက်ရှိအချိန်တွင် ပေါက်မြို့နယ်အတွင်း ပခုက္ကူတပ်မ ၁၀၁ မှ စစ်ကြောင်းပါ ထပ်မံ ရောက်ရှိနေ​ပြီး တငုတ်ပြင်ရွာနှင့် အင်းတိန်ရွာအနီးကို စစ်ကြောင်း ထိုး လျက်ရှိကြောင်း၊ ယခင် စစ်ကြောင်းထိုးလျက်ရှိသော စစ်ကြောင်း ၃ ကြောင်း သည် ကုက္ကိုစုပျူစောထီးရွာ၌ ရောက်ရှိနေပြီး စစ်ကြောင်းများ ခွဲထွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့ပြင် ပေါက်နှင့်မြိုင်မြို့နယ် အစပ်ရှိ PDF စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက် စီး နင်းစဉ် စခန်းအတွင်း ထောင်ထား သော မိုင်းကို ဖောက်ခွဲလိုက်သဖြင့် စစ် တပ်ဘက်မှ သေဆုံး ထိခိုက်မှု ရှိကြောင်း သိရှိရသည်။

“စခန်းမီး၀င်စီးတော့မိုင်းဆွဲသေးတယ်။ ခွေးတွေအသေအဆုံးရှိတယ်။ နောက် ထပ် ကော လေယာဥ်လာပြန်ပြီ မုံရွာကနေ။” ဟု ဗိုလ်လရောင်က ရှင်းပြသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s