ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်ကြားဝင်မှု

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC) ကဆိုသည်။

FPNCC ၏ အဖွဲ့ဝင် ခုနစ်ဖွဲ့ဖြစ်သော ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) ၊ ရှမ်း၊ ရှေ့အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) တို့ဖြစ်သည်။

ဝပြည်နယ် ပန်းခမ်းမြို့တွင် ကျင်းပနေသည့် မတ်လ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့ နှစ်ရက်တာ အစည်းအဝေးတွင် တရုတ်၏ အကူညီပေးမှုနှင့်ပတ်သက်ပြီး အဓိက ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မူအပေါ် ကြိုဆိုထောက်ခံပါသည်။ ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် FPNCC အဖွဲ့ဝင် အဖွဲ့အစည်းတိုင်းကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် သဘောထားပြည့်ဝစွာဖြင့် နှောင်ကြိုးမဲ့အကူအညီများ ပေးအပ်ခဲ့သော တရုတ်အစိုးရကို ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဆိုထားသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင်လည်း မိမိတို့အနေဖြင့် တရုတ်အစိုးရနှင့် ဆက်လက်လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့် ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေးနှင့်လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင်သွား ကြမည်ဖြစ်ပါသည်။ အခြားသော အဖွဲ့အစည်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ တားဆီးရေး၊ ကုသရေးလုပ်ငန်းအတွက် ကူညီထောက်ပံ့မှုများကိုလည်း ကျေးဇူးတင်ရှိပါသည်။ ” ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ယခုကဲ့သို့ ပြည်တွင်း ပဋိပက္ခများကြား တရုတ် ဝင်လာသည်မှာ ၎င်းတို့၏ အကျိုးစီပွားအတွက် ဝင်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလူပ်ရှားသူတစ်ဦးက ဆိုသည်။

“တရုတ်အနေနဲ့ ပြည်တွင်းမှာ မငြိမ်မသက်တာတွေ ဆက်ဖြစ်နေမယ်ဆိုရင် သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေဟာ အကောင်အထည်ဖော်ဖို့ နှောင့် နှေးနေလိမ့်မယ်။ တခြားတစ်ဖက်မှာလည်း တရုတ်ရဲ့ အကျိုးစီပွားဟာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတော့ တရုတ်ကတော့ ဒီပြဿနာကြားထဲကို ဝင်လာဖြစ်တယ်။ အဓိကတော့ ပြဿနာ ပြေလည်စေချင်လို့တော့ မထင်ပါဘူး။ သူတို့ အကျိုးစီးပွားကြောင့် ဝင်လာတာလို့ မြင်တယ်။ ” ဟု ဆိုသည်။

အစည်းအဝေးကာလအတွင်း အဖွဲ့အစည်းအသီးသီး၏ ဆွေးနွေးတင်ပြမှုများအပြီးတွင် အစည်းအဝေးတစ်ခုလုံးကို ခြုံငုံ၍ သော်လည်း ကောင်း ၊အတွင်းရေးမှူးအဖွဲ့အစည်းအဝေးကိုေ သာ်လည်းကောင်း၊ အဖွဲ့အစည်းများအချင်းချင်းကြား မတူကွဲပြားသော အကြောင်းအရာများကိုသော်လည်းကောင်း အသီးသီးဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဟု ဆိုသည်။

မြန်မာပြည်တွင်းရေးနှင့်ပတ်သက်ပြီး မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြမည်ဟု ယူဆထားသည်ဟု ဖော်ပြပါရှိသည်။

ယင်းအယူအဆများကိုလည်း အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်းအားနှင့်အစွမ်းအစများကိုသာ အားကိုရမည်ဖြစ်သည်ဟုလည်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) က ပြောဆိုလိုက်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s