မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်ရှိ မြွေရေယာဉ်ရွာနှင့် မြွေခလားရွာတို့ကို မီးရှို့ဖျက်ဆီးလျက်ရှိ​​ကြောင်း သိရသည်။

” စစ်ခွေးတွေက မတ္တရာက ရွာတွေကို တောက်လျောက်ကို စီးနင်းနေတာ ။ မတ်လ ၁၅ ရက်နေ့ကလည်း ဒေါင်းကျွန်းရွာကို မီးရှို့တယ် အခုရှို့နေတာက မြွေရေယာဉ်ရွာနှင့် မြွေခလားရွာလို့တော့ သိရတယ်။ ထိခိုက်မှု အခြေအနေတွေ မသိရသေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s