မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး မြွေတလိုင်းရွာကိုလည်း ယ နေ့ ညပိုင်းအထိ စစ်တပ်က ဆက်လက်မီးရှို့နေဆဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် စစ်တပ်က မြွေရေယာဉ်ရွာနှင့် မြွေခလား ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ညနေ ၅ နာရီမှ စတင်ကာ အကြမ်းဖက် စစ်တပ်က လက်ရှိချိန်အထိ မြွေတလိုင်းရွာကို မီးရှို့ ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။

” မြွေတလိုင်းရွာမှာ အခုထိ မီးလောင်နေသေးတယ်။ ထိန်ပင်ဇောက်ရွာဘက်က လာတဲ့ စစ်ခွေးတွေက မြွေတလိုင်းရွာကို မီးရှို့ ဖျက်စီးနေတာ မြွေရေယာဉ်ရွာနဲ့ မြွေခလားရွာကိုလည်း စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီ ယာသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s