မြောင်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံး မှု များပြား၊ စစ်တပ်က PDF စခန်း တစ်ခုကို စီးနင်းကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံး ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မြောင်မြို့နယ် နေပူကုန်း ကျေးရွာနှင့် နဂါးပေါက်ကျေးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာ ကွယ်ရေး တပ် ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာက ပြည်သူ ၁၇ ဦးနဲ့ မြင်းမူမြို့နယ်၊လက္ကပင်ရွာက ပြည်သူ ၇ ဦးကို မုဒိမ်းကျင့်သတ်ဖြတ် သွားတဲ့ စစ်ခွေး စစ်ကြောင်းကို မြောင်မြို့နယ် နေပူကုန်းကျေး ရွာ နဲ့ နဂါးပေါက်ရွာ အကြားမှာ မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၁၅ ဦး သေတယ်” ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီ ပြောက်ကျား တပ်ဖွဲ့ (ငါန်းဇွန်)၊ မန္တလေး ခရိုင် အမှတ် ၅တပ်ရင်း၊ MN PDF Myitnge၊ MS PDF၊ ဗိုလ်တထောင်ငမိုး မဟာ မိတ် ညီကိုတို့မှ မိုင်းအလုံးရေ ၃၈ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ် ကြောင်း နှင့် ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းတို့ ပူး ပေါင်းကာ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း MNPDF Myitnge နှင့် ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)တို့၏ စခန်း တစ်ခုကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကာ ၄ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ယူနီးဖောင် အထည် ၃၀၀ ၊ ပြောက်ကျား ဦးထုပ် အလုံး ၁၅၀၊ အီကွေ့ မန့် ၂၅ စုံ၊ လက် လုပ် စိန်ပြောင်း ၂ လက်၊ အူစီ သေနတ် ၃ လက်၊ ကိုးလုံးကျည်သေနတ် ၁၀ လက်၊ ကာဘိုင် ၁၀ လက်၊ လျက် ဆားပုလင်းမိုင်း ၁၀ လုံး၊ လက်ပစ်ဗုံး အလုံး ၂၀၊ ရှို့ကြိုး ၂ ခွေ၊ tNT ယမ်းလိပ် ၅ လိပ်၊ TNT ယမ်းတောင့် ၅ ခဲ၊ TENT အားမြှင့် ယမ်းမှုန့် ၅ ပိဿာ၊ လောက် စာဗုံး ထိကွဲ ၃၅၀ လုံး၊ G3 ကျည် အ တောင့် ၂၀၀ ၊ 7.62 ကျည် ၂၅၀ ၊ 5.56 ကျည် ၁၅၀ ၊ 9 MM ကျည် ၂၀၀ ၊ ဖုန်း အလုံး ၅၀ ၊ ထောင်လာဂျီ ၁ စီး၊ ဆိုင် ကယ် ၁၀ စီး၊ ရေမော်တာ ၂ လုံး၊ M9 အီနာဂါ ၅ လုံး၊ မီးစက် ၂ လုံး၊ အထိုင် ဖောက်စက် ၂ လုံး၊ တွင်ခုံ ၂ ပေခွဲ ၂ လုံး၊ ဝါရိန်စက် ၂ လုံး၊ ကျောက်စက်အကြီး ၂ လုံး၊ ကျောက် စက် အသေး ၇ လုံး၊ မိုင်းအလုံး ၂၀ ၊ ရှေ့ထွက်ပြောင်း ၁၅ လုံး၊ ကျည်ကာ ၁၀ ထည်ပစ္စတို သေနတ် ၁ လက်၊ ဒရုန်း ၃ စီး၊ ပုဆိုးအ ထည် ၅၀၊ ငါးခြောက်ကြီး ၅၀ ပိဿာ၊ ငါးခြောက်အသေး ၂၀ ပိဿာ၊ ဆန်အိတ်ပိုင်း ၅ ပိုင်းတို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s