ရွှေဘိုမြို့ အထွက်ရှိ စစ်တပ်ဂိတ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အထွက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို PDF များ ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံးကြောင်း Buffalo Soldiers Freedom Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ အထွက်တွင် ဆက်ကြေး ကောက်ခံနေသည့် စစ်တပ် ဂိတ်ကို Buffalo Soldiers Freedom Force တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ထောက်လှမ်းရေး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့ တောင်ဘက် အထွက်မှာရှိတဲ့ ခရီးသွား ပြည်သူတွေဆီးက အတင်း အဓမ္မ ဆက်ကြေးကောက်ခံနေတဲ့ စစ်ခွေးဂိတ်ကို ကျွန်တော်တို့ Buffalo Soldiers Freedom Force တော်လှန်ရေးရဲဘော်တွေက မောင်းပြန် သေနတ်တွေနဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပျူစောထီး ၂ ဦးသေတယ်။ ရဲထောက်လှမ်းရေး ၁ ကောင်သေတယ်” ဟု Buffalo Soldiers Freedom Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ရွှေဘိုမြို့ အထွက်၌ ဆက်ကြေးကောက်ခံနေသည့် ဂိတ်စခန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့က Buffalo Soldiers Freedom Force အဖွဲ့မှ သတိပေးစာ ပေးပို့ခဲ့သော်လည်း ဆက်ကြေးကောက်ခံမှုများ ဆက်လက်ပြုလုပ်နေသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit