သရက်မြို့နယ် သမန်းပြင်ရွာသား ၃ ယောက် မိုင်းနင်းမိပြီး ဒဏ်ရာရ

မကွေးတိုင်း၊ သရက်မြို့နယ်က သမန်းပြင်ရွာသား ၃ ယောက်ဟာ မတ် ၁၆ ရက်မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိတဲ့အနက် တယောက်က ခြေချင်းဝတ်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သမန်းပြင်ရွာသား ၃ ယောက်ဟာ မနေ့ မနက် ၆ နာရီလောက်မှာ တွင်းလည်ရွာအရှေ့ဘက်က ကပစ(၁၂)က သိမ်းထားတဲ့ မြေနေရာမှာ ဝါးခုတ်၊ ထင်းခွေသွားတဲ့အချိန် မြေမြုပ်မိုင်းနင်းမိပြီး ကိုသန်းစိန်ရဲ့ ဘယ်ဘက် ခြေချင်းဝတ် ပြတ်ထွက်သွားပြီး ကျန်တဲ့ ၂ ယောက်ကတော့ ယမ်းစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သမန်းပြင်ရွာသား တဦးက ပြောပါတယ်။

ဒဏ်ရာအပြင်းထန်ရရှိခဲတဲ့ ကိုသန်းစိန်ကို မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေရပြီး ဘယ်ဘက်ခြေထောက်ကတော့ ဖြတ်ပစ်ရတော့မှာလို့ ပြောပါတယ်။

တွင်းလည်ကျေးရွာမှာ စစ်တပ် တပ်စွဲထားတာ ၁ နှစ်နီးပါးလောက်ရှိနေပြီဖြစ်ပြီး အဆိုပါ မြေမြုပ်မိုင်းကို ဘယ်သူ ဘယ်အဖွဲ့အစည်းက ထောင်ထားတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s